Skip to main content

နဝါ အယ်လ် ဆာဒါဝီရဲ့ "ဇာပဝါ"

ရုတ်တရက် ကျွန်မနိုးလာတော့ထိုင်လျက်သားကလေး။ ရှေ့မှာက ဖင်ကပ်သာကျန်တော့သည့် ဝိုင်တစ်ပုလင်းရယ်၊ စီးကရက်ဖင်စီခံများအပြည့်နှင့် ပြာခွက်တစ်ခွက်ရယ်။ စီးကရက်ဖင်စီံခံအမှတ်တံဆိပ်ကို စစချင်း ကျွန်မ မမှတ်မိ။ နောက်မှ ထိုစီးကရက်တို့သည် လွန်ခဲ့သောသုံးလေးနှစ် ကျွန်မစီးကရက်စသောက်စဉ်က စီးကရက်မျိုးဖြစ်မှန်း မှတ်မိလာခဲ့သည်။ စီးကရက်ပြာခွက်ဆီမှ မျက်လုံးများကိုမော့ကြည့်တော့ တစ်ခါမှမမြင်ဖူးသည့် လူစိမ်းတစ်ယောက်ကိုတွေ့သည်။

သူသည် ပိုးသားဝတ်ရုံတစ်ထည်မှတပါး ဘာမျှဝတ်ဆင်မထား။ အမွှေးအမှင် ထူထူထဲထဲ ပေါက်နေသည့် ရင်ဘတ်နှင့် ပေါင်တံများကိုတော့ ဝတ်ရုံကလှစ်ဟပြထား၏။ ခါးမှာတော့ သူနှင့်အံကိုက်ကျအောင်ဝတ်ထားသည့် အစင်းပါအတွင်းခံ ဘောင်းဘီတစ်ထည်ဝတ်ထားသည်။ ကျွန်မ၏ အံ့အားသင့်မျက်ဝန်းများကို ထိုသူ့မျက်နှာဆီ တည့်မတ်ပေးလိုက်၏။ ယခုမှပင် ထိုလူကိုအရင်က မြင်ဖူးမှန်း ကျွန်မ မှတ်မိတော့သည်။ တစ်ဒင်္ဂမျှ ကြာအောင် ကျွန်မ၏မျက်လုံးများ သူ့ထံတွင်နားခိုနေလိုက်ပြီး လျှပ်စီးလို၊ အလင်းတစ်ချက်လို မြန်ဆန်လှပြီး ထူးထူး ဆန်းဆန်းအလိုအလျောက်ဖြစ်သွားသည့် အပြုံးတစ်ခုပြုံးလိုက်သည်။ ထိုအပြုံးသည် ရှုပ်ထွေးမှု တစ်ခုကို ချန်ထားရစ်၏။ ဘုရားသခင်ကိုလည်းကောင်း၊ ဘ၌ပျော်ရွှင်မှုကိုလည်းကောင်း လိုက်လံရှာဖွေသူ လူတစ်ယောက်၏ ရင်တွင်းမှ ဘယ်တော့မှ ရှင်းမလာသည့် ရှုပ်ထွေးမှုမျိုး ဖြစ်လေသည်။

ယခုလိုအချိန်မှာမှ လောကထဲ၊ ကျွန်မ၏အသွေးအသားတို့ထဲ ခုလိုရှုပ်ထွေးမှုမျိုး ဘာကြောင့်ရှိနေရပါသနည်း။ နေ့စဉ်နှင့်အမျှ ကျွန်မ၏မျက်ဝန်းများသည် ရာနှင့်ချီသော၊ ထောင်နှင့်ချီသော မျက်ဝန်းများနှင့်ဆုံနေမိကာ လောကသည် လည်းကောင်း၊ ကျွန်မ၏ကိုယ်ခန္ဓာသည်လည်းကောင်း မူလပကတိအတိုင်း ရှိနေမိမြဲ ဖြစ်လေသည်။ သို့သော် ယင်းသည် တစ်ခဏသာခံလိုက်ပါသည်။ လောကနှင့်ကျွန်မ၏ ကိုယ်ခန္ဓာသည် ပုံမှန်အခြေအနေ သို့ပြန်ရောက်ကာ ဘဝသည်လည်း ပိုနေမြဲကျားနေမြဲ အတိုင်း ခရီးဆက်သည်။ ထိုလူကို ကျွန်မ စတင်မြင်ဖူးခဲ့တာ သုံးလေးနှစ်ခန့်ရှိခဲ့ပါပြီး။ ဘ၏ နိစ္စဓူ လုပ်ငန်းများကြားထဲ ထိုလူကို မေ့လုမတတ် ဖြစ်ခဲ့ရသည်။

 

    ကျွန်မ၏အကြည့်များက ထိုလူ၏ကိုယ်ပေါ်နှင့် အမွှေးထူထူပေါင်တံများပေါ် နောက်တစ်ကြိမ်ကျရောက်သွား ပြန်သည်။ ကျွန်မ၏မျက်နှာအမူအရာသည် ထိုလူ၏ကိုယ်ကာယကိုကြည့်စဉ်ကတစ်မျိုး၊ သူ၏မျက်ဝန်းများထဲ ကြည့်စဉ်ကတစ်မျိုး ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ ကျွန်မရင်ထဲခံစားမိသမျှသည် မျက်နှာပေါ်တွင် အတိုင်းသား ပေါ်လွင်တတ်သောကြောင့်ဖြစ်သည်။ ထိုလူ၏မျက်ဝန်းများသည် ထူးဆန်းမှု၊ အကျည်းတန်မှု များကို လွင့်စင်သွားစေပြီး ထိုလူနှင့်ကျွန်မတို့နှစ်ဦးကြား ဆက်ဆံရေးကိုလည်း မမှန်ကန်မှုပေါင်းများစွာ၏ အလယ်တွင် မှန်ကန်မှုရှိသွားစေပါသည်။

 

    သုံးနှစ်၊ လေးနှစ်တာကာလအတွင်း လမ်းမှာ၊ ရုံးမှာ၊ စင်္ကြန်လမ်းတစ်ခုခုမှာ ထိုလူနှင့်အမှတ်မထင် ဆုံမိသည့်အခါတိုင်း ကျွန်မသည် အံအားတသင့် စိတ်ရှုပ်ထွေးစွာနှင့် တစ်ဒင်္ဂမျှ ရပ်တန့်သွားမိလေသည်။ နောက်တော့ ကျွန်မ ကိုယ့်လမ်းကိုယ်ဆက်သွားသည်။ သူစိမ်းတစ်ရံဆန်သောဆက်ဆံရေးကာလမှာပင် မရင်းနှီးသော၊ လက်သင့်မခံမိသော ဆက်ဆံရေးများအလယ်၌ ရင်းနှီးသော၊ လက်သင့်ခံနိုင်သော ဆက်ဆံရေးတစ်ခု ဖြစ်နေမှန်း သိနေမိလေသည်။

 

    ပုံမှန်ဆိုသလို၊ ကြိုကြားကြိုကြားဆိုသလို ထိုလူနှင့်ကျွန်မ စတင်တွေ့ဆုံကြသည့်အခါများ၌ နှစ်ကိုယ်ကြား ဆက်ဆံရေးသည် မျက်ဝန်းများမှတစ်ဆင့်သာဖြစ်တည်ခဲ့ရသည်။ နာရီပေါင်းများစွာကြာအောင် သူတို့ထိုင် စကားပြောချင်ပြောမည်။ သို့သော် ကျွန်မ၏အကြည့်များသည် ထိုလူ၏မျက်ဝန်းများထံမှ တစ်ခါမျှ လွှဲဖယ်မသွားခဲ့စဖူး။ ယင်းသည် စိတ်ချင်းပေါင်းဆုံမှု တစ်မျိုးဖြစ်၏။ ကျေနပ်စရာလည်းကောင်း၏။ သို့သော် ထိုကျေနပ်မှု၌ တစ်စုံတရာ လစ်ဟာလျက်ရှိလေသည်။ ထိုလစ်ဟာမှုသည် အဘယ်နည်း။

 

    ယင်းသည် ခန္ဓာကိုယ်ချင်းထိတွေ့နှီးနှောချင်နေသော ဆန္ဒပေလောဟု ကျွန်မကိုယ်ကျွန်မ မေးခွန်းထုတ်မိသည်။ ဘာကြောင့်မဖြစ်နိုင်ရမည်နည်း။ နောက်ဆုံးပိတ်ဆန်းစစ်ချက်အရ ဟိုကလည်းယောက်ျား၊ သူကလည်း မိန်းမ မဟုတ်ပါလော။ ထိုအတွေးသည် သူ့စိတ်မှာတော့ အသစ်အဆန်းဖြစ်နေသလို ထူးလည်းထူးဆန်း နေလေသည်။ ထိတ်စရာ လန့်စရာကောင်းသော သိလိုစိတ်ပြင်းပြမှုသည် ကျွန်မကိုချုပ်ကိုင်လိုက်သည်။ ရှာဖွေတွေ့ရှိချင်နေသည့် ခက်ထန်သော ဆန္ဒတစ်ခုသည် တစ်ခါတစ်ရံ၌ ‘အချစ်ကိုတောင့်တမှု’ ထက် ပိုပြင်းထန်နေတတ်ပြီး တစ်ခါတစ်ရံများတွင် ‘အချစ်မပါသော ဆက်သွယ်မှု’ တစ်ခုအတွင်းသို့ ကျွန်မကိုဆွဲခေါ်ပုံများ အဆိုပါ သိလိုစိတ်သည်ပင် ပျောက်ကွယ်သွားလောက်သည်အထိ ဖြစ်လေသည်။ ထိုသို့ဖြစ်လေတိုင်း တွန်းကန်မှုတစ်ခုကိုခံစားရသည်။ ကျွန်မ၏ကိုယ်ခန္ဓာသည် ယောက်ျားတစ်ယောက်၏ ကိုယ်ခန္ဓာကို အခြေအနေတစ်ခုမှတစ်ပါး ငြင်းဆန်နေမိသည်ဟု စိတ်မှာတပ်အပ်သိနေမိသည်။ ထိုအခြေအနေ ကတော့ အချစ်နဲ့ပတ်သက်တဲ့အခြေအနေပေါ့။

 

    ဘာကြောင့်ငြင်းဆန်ရသလဲဆိုတာကို ကျွန်မသိသည်။ ယင်းသည် ခန္ဓာကိုယ်နှင့်မသက်ဆိုင်ဘဲ သမိုင်းနှင့်ဆက်စပ်နေသော၊ ရှင်းပြ၍ရနိုင်သော ငြင်းဆန်မှုမျိုးဖြစ်လေသည်။ ယောက်ျားတို့သည် သူတို့၏ပုရိသ သဘာဝကို ဦးထိပ်ထားကြသလို မိန်းမတို့ကလည်း ယောက်ျားတို့ ဦးထိပ်ထားသည့် အတိုင်းအတာအထိ သူတို့ကို ပြန်ငြင်းဆန်ကြသည်။ မိန်းမတစ်ယောက်၏ ငြင်းဆန်မှုသည် ပုရိသနတ်ဘုရားအား ကိုးကွယ်ခြင်း၏ တခြားမျက်နှာစာဖြစ်၏။ ပုရိသနတ်ဘုရားအပေါ် အချစ်၏အနိုင်ယူမှုကို အပထား၍ ကမ္ဘာပေါ်ရှိ မည်သည့်စွမ်းပကားကမျှ မိန်းမတစ်ယောက်ထံမှ ငြင်းဆန်ခြင်းကို ဖယ်ရှားပစ်ခိုင်း၍မရသေးပါ။ ထို့နောက်မှာတော့ နတ်ဘုရားသည် ပုရိသမဟုတ်ဘဲ ဣတ္ထိယအဖြစ်နှင့်ရှိခဲ့သော လွန်ခဲ့သော နှစ်ခြောက်ထောင်ခန့် ကာလသို့ သမိုင်းသည် တစ်ပတ်ပြန်လည်သွားပါလိမ့်မည်။ 

 

    အချစ်သည် အောင်မြင်သူဖြစ်ပါသလား။ ထိုလူနှင့်ကျွန်မတို့ နှစ်ဦးကြား ဆက်ဆံရေးသည် အချစ် ဟုတ်ပါရဲ့လား။ ကျွန်မ မသိပါ။ ကျွန်မ၌ သက်သေပြစရာမရှိပါ။ အချစ်ကို သက်သေပြ၍ရနိုင်ပါသလား။ ထိုအရာသည် ထိုလူ၏မျက်ဝန်းများထဲကြည့်ရန်အတွက် ကျွန်မ၏လူထူထပ်သော ဘဝမျက်နှာပြင်ထက်သို့ တက်လာသော ‘ဆန္ဒ’ ဖြစ်ပါသလား။ စမ်းရေအိုင်မြတ်တစ်ခုထံ ရံဖန်ရံခါသွားရောက် ဒူးထောက် ရှိခိုးဆုတောင်းပြီး အိမ်ပြန်သူကဲ့သို့များပေလား။ ကျွန်မ ဒူးမထောက်။ ဆုလည်းမတောင်း။ ကျွန်မ၏ဦးခေါင်းအတွင်းရှိ စိတ်မှတပါး တခြားမည်သည့်နတ်ဘုရားကိုမျှ သတိမရ။ ထိုသူနှင့်ကျွန်မတို့ကို အကြည့်ချင်းဆုံစေသည့်အရာမှာ အဘယ်နည်း။

 

    အချစ်သည် အာဒမ်နှင့်ဧ၊ စင်ဒရဲလား၊ ပညာရှိဟတ်ဆန်တို့၏ဇာတ်လမ်းများလို ယုံတမ်း ပုံပြင်မျှသာဖြစ်ပါသလား။ ပုံပြင်များအားလုံးသည် နိဂုံးကမ္ပတ်အဆုံးသတ်ရပြီးလျှင် ဖုံးလွှမ်းထားသော ဇာပဝါပါးသည် သူတို့ထံမှ လျှောကျရ သည်ချည်းသာ။ ကြီးပြင်းလာသည်နှင့်အမျှ ကျွန်မ၏စိတ်မှ ပဝါတစ်ခုပြီးတစ်ခု လွင့်စင်ကျသည်။ ပဝါတစ်စ လွင့်စင်ကျလေတိုင်း ပျောက်ဆုံးသွားသော လှပသည့် စိတ်ကူးယဉ်မှုတစ်ခုအတွက် ကျွန်မ ဝမ်းနည်းပက်လက် ငိုကြွေးရတတ်သည်။ သို့ရာတွင် ရေစက်ပေါက်တို့က ပန်းစံပယ်တို့အားဆေးကြောသကဲ့သို့ နံနက်မိုးသောက်အလင်းရောက်တိုင်း မျက်ရည်များ၏ ဆေးကြောသုတ်သင် ခြင်းကိုခံယူကာ ကျွန်မ၏မျက်ဝန်းများ တဖန်ပြန်လည်တောက်ပလာကြလေသည်။ ထို့နောက် မှန်ရှေ့ကခွာ၊ ကျနေသောပဝါကို ခြေဖဝါးအောက်တွင် နင်းကြိတ်ခြေကာ အသစ်ဖြစ်ထွန်း လာသော၊ ယမန်နေ့ကထက် ပိုသော ခွန်အားဖြင့် ထိုပဝါပေါ်တံဆိပ် ခတ်နှိပ်ပစ်ခဲ့လေသည်။

 

    ယခုခွက်သည် ဆယ်ခွက်မြောက်ဖြစ်သည်။ ခွက်နှစ်ဆယ်မြောက်လည်း ဖြစ်ချင်ဖြစ်မည်။ ခွက်ကိုကိုင်စဉ် ကျွန်မ၏ လက်များ အနည်းငယ်တုန်ယင်လျက်ရှိသည်။ သို့ရာတွင် ကျွန်မ၏ဦးခေါင်းထဲရှိနတ်ဘုရားကတော့ မနုဿီဟကျောက်ရုပ်လို မတုန်မလှုပ် အေးအေးဆေးဆေး။ ကျွန်မ၏အကြည့်များက သူ့မျက်ဝန်းများ ပေါ်မှာသာ ဝဲပျံလျက်။ သို့သော်လည်း ‘သူ’ သည် ဘာပဲဖြစ်ဖြစ် ပိုးသားဝတ်ရုံကိုလည်းကောင်း၊ အစင်းပါသော အတွင်းခံကိုလည်းကောင်း ဝတ်တော့မည်မဟုတ်ဟု ကျွန်မ သိနေမိလေသည်။

 

    ထိုလူ၏ကိုယ်ခန္ဓာသည် ဖြူသောအသားရောင်အောက်ခံတွင် သွေးရောင်လွှမ်းလျက်ရှိ၏။ ခွန်အား၊ နုပျိုသစ် လွင်မှု၊ သန့်ရှင်းမှုနှင့် အစားအသောက်ကောင်းမွန်မှုတို့ကို လှစ်ဟပြခြင်းဟု ကျွန်မနားလည်လိုက်သည်။ ထိုလူသည် သူ့ကိုယ်ပေါ်သို့ ကျွန်မ၏အကြည့်များကျရောက်စေရန် ကျွန်မ၏ခေါင်းကိုသူ့လက်နှင့်ကိုင်ရွှေ့မှန်း ကျွန်မ သဘောပေါက်လိုက်သည်။ ထို့ကြောင့် ကျွန်မ၏အကြည့်များသည် သူ့မျက်ဝန်းများပေါ်သို့သာ ကျရောက်ဆဲဖြစ်ရပေမည်။

 

    ကျွန်မက သူ့ကို ပုံမှန်လေးအတိုင်းကြည့်လိုက်၏။ ခွန်အား၊ နုပျိုသစ်လွင်မှု၊ သန့်ရှင်းမှုနှင့် အစာအာဟာရ ကောင်းမွန်မှုတို့ကို နောက်တစ်ကြိမ်ထပ်မြင်လိုက်သည်။ ကျွန်မ ဘာတွေမြင်လိုက်ရသလဲဆိုတာ သူ့ကိုပြောပြလုနီးပါးဖြစ်သည်။ မော့ကြည့်လိုက်ရာ ထိုလူနှင့်အကြည့်ချင်းသွားဆုံ၏။ အံ့အားသင့်သွားပုံရတာ သူလား၊ အံ့အားသင့်မှုသည် ကျွန်မ၏မျက်ဝန်းများထဲမှာလားဆိုတာ ကျွန်မ မသိတော့။ အခြေအနေသည် အံ့ဩစရာဖြစ်သည်ဟု ကျွန်မဘာသာကျွန်မ ပြောလိုက်သည်။ အကြောင်းရင်းမှာ နံနက် နှစ်နာရီ နီးပါးရှိပြီဖြစ်၍ဖြစ်သည်။ ဖန်ခွက်ထဲတွင်ဘာမှမကျန်တော့။ အိမ်ထဲတွင်ဘယ်သူမှမရှိ။ ပြင်ပကမ္ဘာသည် တိတ်ဆိတ်၊ မှောင်မိုက်၊ အသက်မဲ့ကာ အားလုံးနှင့်အဆက်အသွယ်ပြတ်တောက်လျက်။ ထိုလူနှင့်ကျွန်မတို့ နှစ်ဦးကြား ဘာများဖြစ်နေပါသနည်း။

 

    ထိုလူဘက်သို့ နောက်တစ်ကြိမ်လှည့်ကြည့်လိုက်သည်။ သူသည် ခါးတွင်ခါးပတ်ကိုသေချာပတ်ထားသော ဝတ်ရုံကိုဝတ်လျက်ထိုင်နေသည်။ သူ့ဝတ်ရုံက ဗိုက်နှင့်ပေါင်တံတို့ကို ဖုံးလွှမ်းထားသည်။ သူ့ခေါင်းနှင့်မျက်ဝန်းများ။ ပေါ့ပေါ့ပါးပါး အိမ်နေရင်းစီး ရှူးဖိနပ်အတွင်းရှိ သူ့ခြေထောက်တစ်စုံမှတပါး ကျွန်မ ဘာကိုမျှမမြင်တော့။ ဘေးဘက်မှ ကြည့်လျှင် သူ့မျက်နှာသည် နွမ်းနယ်နေပုံရ၏။ သူသည် ချက်ချင်းပင် အိုမင်းရင့်ရော်သွားသကဲ့သို့ရှိလေသည်။ သူ့ပုံစံသည် ညဉ့်နက်အောင်နေ၍ အိပ်ရေးပျက်ထားသော ကလေးငယ်တစ်ယောက်ပမာ မလန်းမဆန်းရှိလေသည်။ မိခင်ကသားငယ်၏ မျက်နှာကို ယုယုယယပွတ် သပ်ပေးသလိုမျိုး ကျွန်မ၏လက်တစ်ဖက်ကိုဆန့်ထုတ်၍ သူ့နဖူးပြင်ထက် မိခင်၏အနမ်းတစ်ခု ချန်ထားရစ်သည်။

 

    လမ်းထဲမှာတော့ ကျွန်မ၏အပူသည်မျက်နှာကို အအေးဒဏ်နှင့်ရေငွေ့ရိုက်နေသော အရုဏ်ဦး လေညင်းထံ ဆွဲမော့ထားမိလေသည်။ပျော်ရွှင်မှု၏ဆန်းကြယ်သော ခံစားမှုများသည် ဝမ်းနည်းမှု၏ ထူးဆန်းသော ခံစားမှု များနှင့်ယှက်သန်း နေကြသည်။ ခေါင်းအုံးပေါ် ခေါင်းတင်လိုက်၏။ မျက်ရည်များနှင့်ပြည့်နှက်နေသော ကျွန်မ၏မျက်ဝန်းများက ပွင့်ဟလျက်။ ကျွန်မ၏စိတ်သည် ဝိုင်အရက်ကို အနိုင်ရနေသည်မှာ ခေါင်းအုံးနှင့်ခေါင်း မိတ်ဆက်မိသည်အထိဖြစ်သည်။ ထို့နောက်မှာတော့ ဝိုင်က ပြန်အနိုင်ယူသွားပြီးလျှင် စိတ်ဆင်းရဲခြင်းက စိတ်ချမ်းသာခြင်းနေရာတွင် အစားထိုးဝင်ရောက်ခဲ့လေသည်။

 

    နောက်တစ်နေ့မနက်မိုးလင်း၍ ကျွန်မ၏မျက်လုံးများတစ်ခါပြန်ဖွင့်သည့်အခါ ညကဝိုင်အရက်၏အရှိန်တို့ မကျန်တော့ပြီ။ ကျွန်မ၏မျက်ဝန်းများမှ ဇာပဝါသည်လည်း ဆွဲတင်ပြီးလျက်သား။ မျက်ရည်တို့ဖြင့် ဆေးကြောသုတ်သင်ထားသော ကျွန်မ၏မျက်ဝန်းတောက်တောက်များကို မှန်ထဲတစ်ခါပြန်ကြည့်သည်။ ကျွန်မ အနေနှင့် မှန်နှင့်ဝေးရာသို့ ထွက်သွားတော့မည်ကဲ့သို့ရှိလေသည်။ အရင့်အရင်အခါများကလို ဇာပဝါကို ခြေထောက်အောက် နင်းခြေပစ်ဖို့၊ အသစ်ပြန်လည် မွေးဖွားလာသောခွန်အားနှင့် ယင်းအပေါ် တံဆိပ်ခတ်နှိပ်ဖို့ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ကျွန်မသည် နေရာမှ ဖဲခွာမသွားတော့။ ခါးကိုအသာ ကွေးညွှတ်လိုက်ပြီး ပဝါကိုမြေကြီးပေါ်မှပြန်ကောက်ယူကာ မျက်နှာပေါ်တစ်ခါ ပြန်တင်ထားလိုက် မိလေသည်။ 🅩


၉၃၁ ခုနှစ်ဖွား နဝါ အယ်လ် ဆာဒါဝီ (Nawal El Saadawi) သည် အီဂျစ်လူမျိုး ဣတ္ထိယဝါဒီဝတ္ထုရေးဆရာမ၊ တက်ကြွလှုပ်ရှားသူ၊ သမားတော်နှင့် စိတ်ကုပညာရှင်ဖြစ်ပြီး သုတနှင့် ရသစာအုပ်ပေါင်း ၄၀ ကျော်ကို အာရေဗစ် ဘာသာဖြင့် ရးသားခဲ့သည်။အမျိုးသမီးထု၏ဘဝကို ထင်ဟပ်ပေါ်လွင်သည့် ၎င်း၏ အရေးအသား များကြောင့် အာဏာပိုင်များနှင့် ဘာသာရေး ခေါင်းဆောင်များ၏ ငြိုငြင်မှုနှင့် ဒုက္ခပေးမှုကို အကြိမ်ကြိမ်ခံခဲ့ရသည်။ နဝါသည် နိုင်ငံတကာစာပေဆု အမြောက်အမြား ဆွတ်ခူးခဲ့ပြီး ၎င်း၏စာအုပ်များမှာ ကမ္ဘာ့ဘာသာပေါင်း ၃၀ ကျော်သို့ ပြန်ဆိုခဲ့ပြီးဖြစ်သည်။ ၎င်း၏စာအုပ်အချို့ကို နိုင်ငံအသီးသီးရှိ တက္ကသိုလ် အများအပြားတွင် ပြဋ္ဌာန်းစာအုပ် အဖြစ် သတ်မှတ်ထားသည်။ 

ဤဝတ္ထုတိုကို The Veil ဟု အမည်ပေးထားသည့် အင်္ဂလိပ်ဘာသာပြန်ကတစ်ဆင့် ပြန်ဆိုသည်။ 


စပယ်ဖြူမဂ္ဂဇင်း (၂၀၀၆/၂၀၀၇ ဝန်းကျင်)

Comments

  1. It made the reader to feel uncomfortable.

    san

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...