Skip to main content

Posts

Showing posts from April, 2010

နဝါ အယ်လ် ဆာဒါဝီရဲ့ "ဇာပဝါ"

ရုတ်တရက် ကျွန်မနိုးလာတော့ထိုင်လျက်သားကလေး။  ရှေ့ မှာက ဖင်ကပ်သာကျန်တော့သည့် ဝိုင်တစ်ပုလင်းရယ်၊ စီးကရက်ဖင်စီခံများအပြည့်နှင့်  ပြာ ခွက်တစ်ခွက်ရယ်။ စီးကရက်ဖင်စီံခံအမှတ်တံဆိပ်ကို စစချင်း ကျွန်မ မမှတ်မိ။  နော က်မှ ထိုစီးကရက်တို့သည် လွန်ခဲ့သောသုံးလေးနှစ် ကျွန်မစီးကရက်စသောက်စဉ်က စီးကရက်မျိုးဖြစ်မှန်း မှတ်မိလာခဲ့သည်။ စီးကရက်ပြာခွက်ဆီမှ မျက်လုံးများကိုမော့ကြည့်တော့ တစ်ခါမှမမြင်ဖူးသည့် လူစိမ်းတစ်ယောက်ကိုတွေ့သည်။ သူသည် ပိုးသားဝတ်ရုံတစ်ထည်မှတပါး ဘာမျှဝတ်ဆင်မထား။ အမွှေးအမှင် ထူထူထဲထဲ  ပေါက်နေသည့်   ရင်ဘတ်နှင့်  ပေါ င်တံများကိုတော့ ဝတ်ရုံကလှစ်ဟပြထား၏။ ခါးမှာတော့ သူနှင့်အံကိုက်ကျအောင်ဝတ်ထားသည့် အစင်းပါအတွင်းခံ ဘောင်းဘီတစ်ထည် ဝတ်ထားသည် ။ ကျွန်မ၏ အံ့အားသင့်မျက်ဝန်းများကို ထိုသူ့မျက်နှာဆီ တည့်မတ်ပေးလိုက်၏။ ယခုမှပင် ထိုလူကိုအရင်က မြင်ဖူးမှန်း ကျွန်မ မှတ်မိတော့သည်။ တစ်ဒင်္ဂမျှ ကြာအောင် ကျွန်မ၏မျက်လုံးများ သူ့ထံတွင်နားခိုနေလိုက်ပြီး လျှပ်စီးလို၊ အလင်းတစ်ချက်လို  မြ န်ဆန်လှပြီး ထူးထူး ဆန်းဆန်းအလိုအလျောက်ဖြစ်သွားသည့် အပြုံးတစ်ခုပြုံးလိုက်သည်။ ထိုအပြုံးသည် ရှုပ်ထွေးမှု တစ်ခုက...