Skip to main content

အမျိုးသမီးတို့ လျှောက်လှမ်းရမည့် ခရီးခဲ


စက်သီးကြိုးဆွဲတဲ့တိုင်မှာ လက်ကိုကြိုးချည်ပြီး ရေတွင်းအဝမှာ တွဲလောင်းချခံထားရတဲ့၊ “အမေ... အမေ” လို့ အာခေါင်ကွဲ မတတ် အော်ဟစ်ငိုယိုနေတဲ့ အိုစမာ ရဲ့ပါးပြင်ကိုဖြတ်ပြီး စီးကျလာတဲ့ သူ့မျက်ရည်တွေဟာ သူ့ ဘောင်းဘီရဲ့လက်နှစ်ခု ကြားထဲကနေ ယိုစီးလာတဲ့ သွေးတွေနဲ့ပါ ပေါင်းစည်းပြီးတော့ ရေတွင်းထဲကို ပေါက်ခနဲမြည်အောင် တစက်စက်ကျလို့နေပါတယ်။ ပေါင်ခြံကနေစီးကျလာတဲ့ သွေးစက်တွေဟာ ကြောက်လွန်းလို့ တစ်ကိုယ်လုံးဆတ်ဆတ်တုန်နေယင်နေတဲ့ အိုစမာလေး အတွက် တော့ နတ်ဆိုးတစ်ပါးဆီကရောက်လာတဲ့ ကျိန်စာတွေနဲ့ မခြားပါဘူး။



အသက် ၁၂ နှစ်ပဲ ရှိသေးတဲ့ အိုစမာဟာ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့က မုဆိုးမတစ်ဦးရဲ့ သမီးကလေးပါ။ အာဖဂန်ကို အစွန်းရောက်တာလီဘန်တွေအုပ်စိုးစဉ်က မိန်းမတွေကို အိမ်ပြင်ထွက်အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ရာမှာ ယောက်ျားသား မရှိတော့တဲ့ အိုစမာတို့သားအမိနဲ့ သူတို့ရဲ့အဘွားဖြစ်သူတို့ အတော်လေးကို အကြပ်အတည်းကြုံရပါတယ်။ တာလီဘန်တို့ လက်ထက်မှာ မိန်းမတွေဟာ အိမ်ပြင်ကိုယောက်ျား အဖော်မပါဘဲ ထွက်ခွင့်မရတဲ့အပြင် ထွက်ပြန်ရင်လည်း ခေါင်းကနေခြေမျက်စိ အထိ လုံအောင်ဖုံးထားရတဲ့ ‘ဘူရ်ကာ’ (Burqa) ခေါ် ဝတ်ရုံကို ခြုံလွှမ်းပြီးမှထွက်ရတယ်။ ဒီစည်းကမ်းတွေကို ဖောက်ဖျက်လို့ရှိရင် ကြီးလေးတဲ့အပြစ်ဒဏ်ကိုခံရပါတယ်။

“တာလီဘန်တွေသိသွားရင် သမီးကိုသတ်လိမ့်မယ်” လို့ဆိုတဲ့ ဒီကလေးမဟာ “ညည်းမှ အလုပ်ထွက်မလုပ်ရင် ငါတို့ အားလုံးငတ် သေတော့မှာ” ဆိုတဲ့ သူ့အဘွားရဲ့စကားနဲ့ပဲ သတ္တိမွေးပြီး ယောက်ျားလေးယောင်ဆောင် အလုပ်ထွက် လုပ်ရပါတယ်။ အိုစမာ တစ်ဖြစ်လဲ ဒီကလေးမလေးဟာ ကံမကောင်းစွာနဲ့ပဲ တာလီဘန်တွေရဲ့ စစ်သားစုဆောင်းရေးထဲမှာ ပါသွားပြီး စစ်လေ့ကျင့်ရေးစခန်းထဲကို ရောက်သွားပါတော့တယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ သင်တန်းထဲမှာ တခြား ယောက်ျားလေးတွေနဲ့ပြဿနာတက်လို့ ရေတွင်းဝမှာတွဲလောင်းချည်ပြီး ဒဏ်ပေးခံရတဲ့နေ့မှာမှ အိုစမာလေး အပျိုဖော် စဝင် ပါတော့တယ်။ သူမိန်းကလေးဖြစ်မှန်း တာလီဘန်တွေ သိသွားတဲ့အခါမှာတော့ ...

တာလီဘန်လက်အောက် အာဖဂန်အမျိုးသမီးတွေရဲ့ ဘဝတစ်စိတ်တပိုင်းကို ရိုက်ကူးထားတဲ့ ဆစ်ဒစ် ဘားမတ်ရဲ့ “အိုစမာ” (Osama) ဇာတ်ကား (၂၀၀၃) ကိုကြည့်ရင်း မနှစ်က နွေရာသီတန်းမှာ ယူခဲ့တဲ့ နိုင်ငံတကာအမျိုးသမီးအခွင့်အရေးများ (International Women's Human Rights) ဘာသာရပ်ကို သွားသတိရမိပါတယ်။ ယူနစ်ပြည့်အောင်လို့ ယူခဲ့ရတဲ့ ဒီဘာသာရပ်ဟာ ရက်တိုသင်တန်းဆိုပေမယ့် သိခဲ့ရတာ တွေကတော့ အများကြီးပါ။ ဒီနေ့ ကမ္ဘာမှာက အမျိုးသမီးအခွင့်အရေးတို့ ကျား-မ တန်းတူ ညီမျှရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆို လှုံ့ဆော်နေကြတာမို့ နိုင်ငံတကာရေးရာကို လေ့လာမယ်ဆိုရင် ဒီ ကိစ္စတွေက မပါမဖြစ်ပါလာရပါတယ်။ ကမ္ဘာမှာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရရှိဖို့နဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် အသိနိုးကြား လှုပ်ရှား လာခဲ့ကြတာ ရာစုနှစ်တစ်ခုစာတောင် ရှိခဲ့ပါပြီ။ အမျိုးသမီးတွေဟာ အစဉ်အလာအရ ‘ဒုတိယလိင်’ အဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး ယောက်ျားတွေရဲ့ နောက်မှာပဲနေခဲ့ရလို့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေမှာ တန်းတူ အခွင့်အရေး မရခဲ့တဲ့အပြင် တချို့သောနေရာဒေသတွေမှာ နည်းမျိုးစုံနဲ့ရက်စက်မှု၊ အကြမ်းဖက်မှု ကိုပါ ခံစားနေရတာ ယနေ့ ထက်တိုင်ပါပဲ။

အမျိုးသမီးလေးဦးမှာ တစ်ဦးဟာ သူ့သက်တမ်းအတွင်း အရိုက်အနှက်ခံရခြင်း၊ အဓမ္မ လိင်ဆက်ဆံခံရခြင်း၊ ဒါမှမဟုတ် တနည်းမဟုတ်တနည်း မတော်တလျော်အပြုခံရခြင်းတွေကို ကြုံတွေ့ခံစားနေရတယ်၊ ဒါ့အပြင် သူတို့ကို အဲဒီလိုပြုကျင့်သူတွေ ဟာလည်း ကိုယ်နဲ့နီးစပ်တဲ့ယောက်ျားသားတွေထဲကပဲဖြစ်တယ်လို့ စာရင်းဇယားတွေကဆိုပါတယ်။ အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်ကြားမှာရှိတဲ့ မိန်းမတွေအတွက် အသက် အန္တရာယ် သို့မဟုတ် ဒုက္ခိတဘ၀ ရောက်စေတဲ့အဓိကအကြောင်းရင်းတစ်ခုက အကြမ်းဖက်ခံရခြင်း ပါပဲတဲ့။

၁၉၉၄ ခုနှစ်တုန်းက ထုတ်ပြန်တဲ့ကမ္ဘာ့ဘဏ်ရဲ့စာရင်းတစ်ခုအရ မိန်းမတွေဟာ အဲဒီအသက်အပိုင်းအခြား အတွင်းမှာ တခြားရောဂါအနာဘယတွေ၊ မတော်တဆဖြစ်မှုတွေထက်စာရင် မုဒိန်းကျင့်ခံရဖို့နဲ့ မိသားစုဝင်တဦးဦးရဲ့အကြမ်းဖက်တာခံရဖို့ အန္တရာယ်က ပိုများတယ်လို့ သိရပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရနိုင်ခြေ ကလဲ လက်တကမ်းမှာရှိပါတယ်။ အမျိုးသမီး ၁၃၆၆ ယောက်ဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တောင်အာဖရိကနိုင်ငံမှာ မိမိရဲ့လင်သား/ ရည်းစားရဲ့အကြမ်းဖက်တာခံရသူတွေအနေနဲ့ အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရဖို့ ၄၈ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။ အမျိုး သမီးတွေဟာ အကြမ်းဖက်ခံရတဲ့နေရာမှာ သူစိမ်းယောက်ျားထက်စာရင် မိမိနဲ့ရင်းနှီးကျွမ်းဝင်တဲ့ယောက်ျားရဲ့ အကြမ်းဖက် တာကိုခံရဖို့ ပိုများပါတယ်တဲ့။

ဒါ့အပြင် ကမ္ဘာပေါ်မှာ မိန်းမငါးဦးမှာ တစ်ဦးတိုင်းဟာ မုဒိန်းပြုကျင့်ခံရတာ၊ သို့မဟုတ် ပြုကျင့်ဖို့အားထုတ်ခံရတာကို ခံစားဖူးလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ တချို့လူ့အဖွဲ့အစည်း တွေမှာဆိုရင် မုဒိန်းပြုကျင့်ခံရတဲ့မိန်းကလေးတွေဟာ အစော်ကားခံရတဲ့အပြင် ပြဌာန်းထားတဲ့ဥပဒေတွေ၊ သူတို့လူမျိုးဓလေ့အရထားရှိတဲ့သဘောထားတွေကြောင့် မိအေးနှစ်ခါနာ ဖြစ်ရပြန်ပါတယ်။ တချို့ဆိုရင် ကိုယ်ကနစ်နာသူဖြစ်ပါလျက်နဲ့ ဒီကိစ္စအတွက် ပြန်ပြီးတရားခံဖြစ်နေတတ်ပြီး နေရာ အတော် များများမှာ ဆိုရင် ဥပဒေတွေဟာ ကျူးလွန်သူယောက်ျားတွေကိုတောင် ပြန်ပြီးကာကွယ်ပေး နေတတ် ပါတယ်။ တချို့နိုင်ငံတွေမှာ မုဒိန်းပြုကျင့်တဲ့ယောက်ျားတွေအနေနဲ့ တရားလိုမိန်းကလေးတွေကို လက်ထပ်မယ် ဆိုရင် အမှုကတရားသေလွှတ်စေလို့တောင် ရာဇသတ်ကြီးဥပဒေတွေမှာ ပြဌာန်းထား ပါတယ်။

အမျိုးသမီးတွေဟာ ရိုးရာယဉ်ကျေးမှုအစဉ်အလာအချို့ရဲ့ ရက်စက်မှုကိုလည်း ခံစားနေကြရပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတချို့မှာ မိန်းကလေးသန်းပေါင်း ၁၃၀ လောက်ဟာ (ယဉ်ကျေးမှုနဲ့ ဘာသာရေး ပြဌာန်းချက်တွေကြောင့်) လိင်အင်္ဂါအစေ့ဖြတ်ထုတ်မှု (Female Genital Mutilation) ဓလေ့ရဲ့ သားကောင်တွေဖြစ်ရတယ်လို့ ခန့်မှန်းသလို တစ်နှစ်ကို အဲသလို အမြှေးပါးဖြတ်ခံရမယ့် အခြေအနေမှာရှိတဲ့ မိန်းကလေးပေါင်းကလည်း နှစ်သန်းရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ သီရိလင်္ကာစတဲ့ အာရှနိုင်ငံအချို့မှာလည်း ရှိနေတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုးနစ်နာမှုတွေအပြင် အိမ်ထောင်ပြုတဲ့အခါမှာ သတို့သားဘက်ကတောင်းသလောက် မပေးနိုင် တာကြောင့် အသတ်ခံရ၊ နှိပ်စက်ခံရတဲ့အမျိုးသမီးတွေကလည်း အိန္ဒိယစတဲ့ တောင်အာရှနိုင်ငံတွေမှာ ဒုနဲ့ဒေးရှိပါတယ်။ အိန္ဒိယမှာ ၂၀၀၆ ခုနှစ်အတွင်း အမျိုးသမီး ၇၆၁၈ ဦးဟာ ယောက်ျားလေး ဘက်က တောင်းသလောက် မပေးနိုင်တာကြောင့် အသတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မုဒိန်းကျင့်ခံ ရလို့၊ အိမ်ထောင် မပြုခင်အပျိုစင်ဘဝကိုမထိန်းသိမ်း(ဘူးလို့သံသယရှိခံရ)လို့၊ အိမ်ထောင်ဖောက်ပြန်တယ်လို့ စွပ်စွဲခံရလို့ ကိုယ့် မိသားစု၊ ဆွေမျိုးသားခြင်းရဲ့ “ဂုဏ်သိက္ခာအတွက်” သတ်ဖြတ်မှု (Honour Killing) ကိုခံရတဲ့ အမျိုးသမီးပေါင်း ကလည်း တစ်နှစ်ကို ၅၀၀၀ လောက်ရှိတယ် လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပါတယ်။ အရွယ်မရောက်ခင်မှာ လက်ထပ်ထိမ်းမြား ပေးတာခံရတဲ့ မိန်းကလေးတွေကလည်း ၂၀၀၆ ခုနှစ်အတွင်း အာဖဂန်တစ်နိုင်ငံတည်းမှာကို အမျိုးသမီးဦးရေရဲ့ ၅၇ ရာခိုင်နှုန်း ရှိတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်းကြီးထွားလာနေတဲ့ လူကုန်ကူးမှုမှာဆိုရင်လည်း အဓိကလူကုန်ကူးခံရသူတွေဟာ အမျိုးသမီး တွေဖြစ်တယ်လို့ဆိုသလို ကျား-မ ခွဲခြားဆက်ဆံမှုတွေကြောင့် မိန်းကလေးတွေဟာ ဆင်းရဲမွဲ တေမှုအန္တရာယ်နဲ့ပိုမိုရင်ဆိုင်ရပြီး လူကုန်ကူးမှုရဲ့သားကောင်ဘ၀ရောက်ဖို့ ပိုမိုနီးစပ်လာရပါတယ်။ အမျိုးသမီး တွေဟာ အန္တရာယ်ကင်းတဲ့လိင်ဆက်ဆံမှုကို ငြင်းပယ်ခံရလို့လည်း အိပ်ခ်ျအိုင်ဗီ^အေ့ဒ်စ်ရောဂါရှင် ဘဝကို တဖွဲဖွဲကျရောက်ရပါတယ်။ စစ်မက် ဖြစ်ပွားရာဒေသ^နိုင်ငံတွေမှာ ဆိုရင်လည်း ကျဆုံးတဲ့ စစ်သည်အရေအတွက်ထက် အရပ်သားကပိုများသလို အဲဒီမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုများပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေဟာ စစ်ပွဲအတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက် ခံရပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ပေါ်ပေါက် စေခဲ့တဲ့ ရောမဥပဒေမှာဆိုရင် စစ်ပွဲအတွင်းမုဒိန်းကျင့်တာကို လက်နက်တခု သဖွယ်အသုံးချတာကို စစ်ဆေးစီရင် ပိုင်ခွင့် အဆိုပါ ခုံရုံးကိုပေးအပ်ထားပါတယ်။

အမျိုးသမီးတွေအပေါ်မှာ ပုံစံအမျိုးမျိုးနဲ့အကြမ်းဖက်တာဟာ သိသာမြင်သာတဲ့ကိစ္စတွေဖြစ်ပေမယ့် မသိသာ မမြင်သာဘဲ လူ့အဖွဲ့အစည်းအတွင်း သိမ်မွေ့တဲ့ပုံစံနဲ့အမြစ်တွယ်နေတဲ့အရာကတော့ ကျား-မ (လိင်)ခွဲခြားဆက်ဆံခြင်းပါပဲ။ လိင်လို့ဆိုရာမှာ ဇီဝလိင် (Sex) နဲ့ ယဉ်ကျေးမှုနဲ့ လူမှုအဝန်းအဝိုင်းကသတ်မှတ်တဲ့ လူမှုလိင် (Gender) ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဇီဝလိင်က ခန္ဓာကိုယ် ဖွဲ့စည်းပုံအရခွဲခြင်းဖြစ်ပြီး လူမှုလိင် ကတော့ လူတွေကသတ်မှတ်တဲ့ ကျား/မ သဘောပဲဖြစ်ပါတယ်။ ဥပမာ ယောက်ျားဆိုရင် ဘယ်လို၊ မိန်းမဆိုရင် ဘယ်လို စသဖြင့်သတ်မှတ်တာမျိုးပါ။ ဇီဝလိင်ဟာ ကမ္ဘာပေါ်က ဘယ်နေရာဖြစ်ဖြစ် အတူတူပဲ ဖြစ်ပေမယ့် လူမှုလိင်ကတော့ နေရာကိုလိုက်လို့၊ လူမျိုးကိုလိုက်လို့၊ ယဉ်ကျေးမှုကို လိုက်လို့ ကွဲပြားသွားပါတယ်။ ဒါကြောင့် အရှေ့တိုင်းကထားတဲ့ လူမှုလိင်သဘောထားဟာ အနောက်တိုင်းနဲ့ တူမှာမဟုတ်ပါဘူး။ ဒီမတူတဲ့သဘောထားတွေဟာ အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အတွက်အမှန်တရား တစ်ခုလိုဖြစ်လာပြီး ပြဌာန်းထားတဲ့ ဥပဒေတွေ၊ လက်ခံထားတဲ့ စံတန်ဖိုးတွေ၊ လက်ခံကျင့်သုံးနေကြဆဲ ဓလေ့ထုံးစံတွေထဲမှာ အမြစ်တွယ်လာတာပါပဲ။

ဥပမာ ရိုမန်ကက်သလစ်ဘာသာကိုကျင့်သုံးတဲ့နိုင်ငံတွေမှာ တစ်ချိန်က လင်မယားကွာရှင်းမှုကို ဘာသာရေးအဆုံးအမ အရ လက်မခံတဲ့အတွက် ဥပဒေပြဌာန်းမပေးထားပါဘူး။ နောက်ပိုင်း ဘာသာရေးနဲ့နိုင်ငံရေးသက်သက်စီဖြစ်လာမှသာ အဲဒီ နိုင်ငံတွေမှာ ကွာရှင်းမှုကိုဥပဒေ ပြဌာန်းပေးလာ ကြပါတယ်။ ဒါတောင် ကမ္ဘာပေါ်မှာ ကွာရှင်းပြတ်စဲတဲ့ဥပဒေမရှိသေးတဲ့ နိုင်ငံ နှစ်ခုကျန်ပါသေးတယ် (ဖိလစ်ပိုင်နဲ့ မော်လ်တာ)။ ဖိလစ်ပိုင်ဟာ အမျိုးသမီးအခွင့်အရေး မြှင့်တင်တဲ့နေရာမှာ အတော်လေး အသိအမှတ်ပြု ခံရပေမယ့် အမျိုးသမီးတွေရဲ့ဝန်ထုပ်ဝန်ပိုးကိုလျော့ကျစေမယ့်၊ အမျိုးသမီးတွေဘက်က ကာကွယ်ပေးမယ့် အချို့ သောဥပဒေတွေမရှိသေးတာကို အံ့ဩဖွယ် တွေ့မြင်ရပါတယ်။ ဘာသာရေး ခေါင်းဆောင်ပိုင်းက ပဋိသန္ဓေတားတာကို လက်မခံတာ၊ မိသားစုစီမံကိန်းအတွက် သားဆက်ခြားဥပဒေ မရှိသေးတာတို့ကြောင့် နောက်ဆက်တွဲပြသနာအများအပြားနဲ့ အစိုးရမှာ ခေါင်းခဲနေရပါတယ်။ နိုင်ငံရဲ့အမျိုးသမီး အခွင့်အရေး သမားတွေအနေနဲ့လည်း လိုအပ်တဲ့ဥပဒေတွေ ပြဌာန်းနိုင်ဖို့ လှုပ်ရှား တိုက်ပွဲဝင် နေကြရဆဲပါ။

ဒီဘာသာရပ်အတန်းကို တက်နေတုန်း အမျိုးသမီးတွေ မဲပေးပိုင်ခွင့်နဲ့ပတ်သက်တဲ့အကြောင်းအရောက်မှာ ဆရာမက ဖိလစ်ပီနိုမဟုတ်တဲ့ကျောင်းသား/သူတွေကို မိမိတို့နိုင်ငံမှာ အမျိုးသမီးတွေ ဘယ်နှခုစ်မှာ မဲပေးခွင့်ရသလဲရှာလာခဲ့ဆိုပြီး ခိုင်း လိုက်ပါတယ်။ ကျွန်တော်လည်း မြန်မာနိုင်ငံအကြောင်းရှာဖွေတော့ ၁၉၃၅ ခုနှစ်လို့ တွေ့ရပါတယ် (ထိုစဉ်က ချင်း၊ ကချင်နဲ့ရှမ်း မပါသေး)။ ထိုင်းကလွဲရင် မြန်မာဟာ အမျိုးသမီးမဲပေးခွင့်ပေးတဲ့နေရာမှာ ကျန်အာဆီယံနိုင်ငံတွေထက်ရော ကမ္ဘာ့နိုင်ငံကြီး အချို့ထက်ပါ စောပါတယ်။ ၁၉၄၆ မှာတော့ မြန်မာအမျိုးသမီးတွေ ဝင်ရောက် ရွေးကောက်ခံယှဉ်ပြိုင်ခွင့်ရတာကို ဝမ်းမြောက်စရာ တွေ့ရပါတယ်။ (အမျိုးသမီးများမဲပေးခွင့် ပထမဆုံးရသည့်နိုင်ငံမှာ နယူးဇီလန် (၁၈၉၃) ဖြစ်သည်။)

ကမ္ဘာပေါ်မှာ ကျား-မ တန်းတူညီမျှအခွင့်အရေးရရှိမှုမှာ ပြီးပြည့်စုံတဲ့နိုင်ငံ၊ လူ့အဖွဲ့အစည်းရယ်လို့ မရှိသေးပါဘူး။ တိုးတက်မှုတွေရှိလာပေမယ့် အမျိုးသမီးတွေအနေနဲ့ ဆက်လက်ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံက ဘယ်နိုင်ငံထက် ကျား-မ တန်းတူညီမျှမှုပိုရှိတယ်^မရှိဘူးဆိုတာလောက်ပဲ ပြောနိုင်တဲ့ အနေအထားပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ အချို့သော နိုင်ငံများမှာလို မိန်းမများကို နှိပ်ကွပ်တဲ့နေရာမှာ အစွန်းမရောက်ပေမယ့် ကျားနဲ့မအကြား ကွာဟချက်တွေ ရှိနေဆဲဆိုတာကိုတော့ ယထာဘူတကျကျ လက်ခံရမှာဖြစ်ပါတယ်။ ပဒေသရာဇ်ခေတ် တလျှောက် နိုင်ငံရေး၊ စီးပွားရေး ဦးဆောင်မှုအပိုင်းမှာ အမျိုးသမီး များရဲ့အခန်းကဏ္ဍဟာ မှေးမှိန်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာလည်း နေရာမရခဲ့ဘဲ လွတ်လပ်ရေးဒီဘက်ခေတ်ကျမှ သူတို့ရဲ့ ဦးဆောင်ပါဝင်မှုဟာ ထင်ရှားလာတာ တွေ့ရပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတုန်းက ပါလီမန်အမတ် ၄၈၅ နေရာ အနက် အမျိုးသမီးကိုယ်စားလှယ်က ၁၅ ဦး (သုံးရာခိုင်နှုန်း) ရှိတယ်ဆိုပေမယ့် နိုင်ငံလူဦးရေရဲ့ထက်ဝက်က အမျိုးသမီးတွေ ဖြစ်တယ်ဆိုတာနဲ့ယှဉ်ရင်တော့ နည်းနေသေးတယ်လို့ ဆိုရမှာပါ။

ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ ယောက်ျားကြီးစိုးတဲ့ကမ္ဘာ (Patriarchal Society) ဖြစ်သလို မြန်မာနိုင်ငံကလည်း ရှေးပဝေသဏီ ကတည်းက ယောက်ျားတွေကို အခွင့်အရေးပိုပေးခဲ့တဲ့ အစဉ်အလာက ရှိခဲ့၊ ရှိနေဆဲဖြစ်ပါတယ်။ ဥပဒေအရ မြန်မာအမျိုးသမီးတွေရဲ့ ရရှိ ခံစားပိုင်ခွင့်မှာ ကျန်နိုင်ငံတွေနဲ့ယှဉ်ရင်လက်မ ထောင်နိုင်ပေမယ့်လည်း ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတို့ရဲ့ကန့်သတ်မှုတွေက ရှိနေဆဲပါ။ ဥပမာ မိသားစု အတွင်း ယောက်ျားလေးကို အခွင့်အရေးပိုပေးတာ၊ လင်နဲ့မယားမှာ လင်ရဲ့ဆန္ဒကို ဦးစားပေးရတာ၊ ကွာရှင်းပြတ်စဲချင်ရင်သော်မှ တစ်ခုလပ်အဖြစ် ကဲ့ရဲ့ခံရမှာစိုးလို့ဆိုပြီး ပတ်ဝန်းကျင်ရဲ့ ဖိအားကိုကြောက်လို့ သည်းခံပေါင်းရတာ စတာတွေဟာ ယောက်ျားကိုအသားပေးတဲ့ ဓလေ့ကို အခြေခံပေါက်ပွား လာတာလို့ ရှုမြင်နိုင်ပါတယ်။ ဒါ့အပြင် လင်ယောက်ျားရဲ့ အကြမ်းဖက်မှု၊ ဗိုလ်ကျမှုစတာတွေ ကလည်း တခြားနိုင်ငံတွေမှာလိုပဲ ရှိနေဆဲဖြစ်သလို မိန်းမတွေဟာအိမ်မှုကိစ္စ သက်သက်လုပ်ဖို့ ဆိုတဲ့ အမြင်တွေကလည်း တချို့လူတွေအကြားမှာ ကျန်ရှိနေပါသေးတယ်။

အမျိုးသမီးတွေရဲ့ရပိုင်ခွင့်အတွက် လှုပ်ရှားသူတွေအနေနဲ့ ကမ္ဘာ့သမိုင်းမှတ်တိုင်တစ်ခုစိုက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒါကတော့ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုပြဌာန်းပေးခဲ့တဲ့ စီဒေါ်(CEDAW) ခေါ် အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးစာချုပ် (Convention on the Elimination of All Kinds of Discrimination against Women)}ပါ။ ဒီစာချုပ်ဟာ ကဏ္ဍ အသီးသီးမှာ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်တွေအတွက်၊ အကာအကွယ်ရရှိရေးအတွက် အာမခံထားတဲ့ နိုင်ငံတကာ သဘောတူညီချက်ဖြစ်ပြီး မြန်မာနိုင်ငံကလည်း လက်မှတ်ထိုးထားပါတယ်။ ပေကျင်း ပလက်ဖောင်း} နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်-၁၃၂၅ တို့နဲ့လည်း အမျိုးသမီးတွေကို ကာကွယ်ပေးထားပါတယ်။

နိုင်ငံတကာဥပဒေတွေ၊ စာချုပ်တွေ၊ ပြဌာန်းချက်တွေရှိလာတာဟာ အားရစရာတိုးတက်မှုတွေဆိုပေမယ့် ဒါဟာ အပေါ်ယံ ကိုယ်ထည်ကိုတည်ဆောက်တဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ နိုင်ငံအသီးသီးမှာ အစိုးရပိုင်းက ဘယ်လောက်ပဲ ဥပဒေတွေထုတ်ပြီး ကာကွယ်ပေးထားစေ၊ ယဉ်ကျေးမှုအရ၊ စနစ်အရ ခွဲခြားဆက်ဆံနေသမျှ ကာလပတ်လုံး အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ရပိုင်ခွင့် အားလုံး အပြည့်အဝခံစားရဖို့ မဖြစ်နိုင်သေးပါဘူး။ လူမှုလိင်(Gender) သဘောဟာ အသားကျလာပြီဖြစ်တာမို့ ဖျောက်ဖျက်ပစ်ဖို့ ခက်ပါတယ်။ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အိန္ဒိယမှာ ဥပဒေတွေထုတ်ပြဌာန်းထားပေမယ့် နှစ်ထောင်ချီ ကျင့်သုံးခဲ့တဲ့ ဇာတ်စနစ်၊ ကျား-မခွဲခြားမှုစနစ်တွေ ပျောက်မသွားသေးတာကို ဥပမာအနေနဲ့ ကြည့်နိုင် ပါတယ်။

နောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်က အမျိုးသမီးများကိုယ်နှိုက်က ကျား-မခွဲခြားမှု အယူအဆ အစွဲတွေကို တိုက်ဖျက် ပစ်လိုစိတ်ရှိဖို့ပဲဖြစ်ပါတယ်။ အမျိုးသမီးများကိုယ်တိုင်က သူတို့ကိုယ်သူတို့ (ပညာရှင် တစ်ဦးပြောသလို) “မ”ဆိုတာကို ကျားရဲ့ ဆန့်ကျင်ဘက် ဂုဏ်အင်္ဂါများနဲ့သာ အဓိပ္ပာယ်ဖွင့်ဆိုနေသမျှ ပန်းတိုင်ကို ရောက်ဦးမှာမဟုတ်ပါဘူး။ ကျား-မခွဲခြားဆက်ဆံမှုမှာ ကျားကသာ “မ” ကိုခွဲခြားတာမဟုတ်ဘဲ “မ” တွေကိုယ်တိုင်ကလည်း ဒီခွဲခြားမှုကိုလက်ခံအတည်ပြုကျင့်သုံးနေတဲ့ အနေအထား ဖြစ်ပါတယ်။ (ငယ်ငယ်က ကျွန်တော့်ကို မိန်းမထဘီတန်းအောက် မဝင်ဖို့ မိန်းမတွေ ကိုယ်တိုင်က သွန်သင်တာ ဖြစ်ပါတယ်။)

အမျိုးသမီးတွေအတွက် ဤခရီး နီးတော့မနီးပါဘူး။ ဒါပေမယ့် တစ်နေ့နေ့တော့ ရောက်မှာပါ။


ဆောင်းပါးကဏ္ဍမှာအခြားဖတ်စရာ

Comments

  1. ဒီပိုစ့်လေးအတွက် ကျေးဇူးပါနော်...
    မြန်မာပြည်ပြန်တုန်းက ဝေယံဘုန်း ရေးထားတဲ့ဆောင်းပါးလေး မြန်မာတိုင်းစ်မှာ ဖတ်လိုက်ရသေးတယ်....

    ReplyDelete
  2. အင်းးး မြန်မာပြည်လဲ အမြင်ပွင့်အောင် လုပ်ဖို့ အများကြီးကျန်ပါသေးတယ်။ အမျိုးသမီး အခွင့်အရေးကို ချိုးဖောက်တာ အမျိုးသားတွေထက် အမျိုးသမီး တွေ ကိုယ်တိုင်ကတောင် ပိုများနေသလိုပါပဲ ဆိုတာ ကြာလေ သိလေ ဖြစ်လာတယ်။ ကိုယ်နေရာ ရဖို့ အတွက် မိန်းမချင်း နာမည်ဖျက်တာ ချွေးမ ယောက်မကို မရှုစိမ့် ဖြစ်ပြီး အိမ်ထောင်ရေး ပြိုကွဲအောင် နေရာမရအောင် လုပ်တာ မိန်းမတွေ ကိုယ်တိုင်ပါပဲလေ...

    ReplyDelete

Post a Comment

စာဖတ်သူတို့၏ သဘောထားမှတ်ချက်များကို ကြိုဆိုပါသည်။ စာတစ်ပုဒ်ချင်းစီအလိုက် သင်တို့၏ထင်မြင်ယူဆချက်များ၊ အတွေးပေါ်မိသည်များကို လွတ်လွတ်လပ်လပ် ရေးသားနိုင်ပါသည်။

ဝေယံဘုန်း

အဖတ်အများဆုံး

ကျွန်တော့်ဘဝကို လမ်းပြပေးခဲ့တဲ့ စာတစ်စောင်

ဒီစာရဲ့သက်တမ်းဟာ နှစ် ၂၀ နီးပါးရှိပါပြီ။  ၂၀၀၄ သို့မဟုတ် ၂၀၀၅ ခုနှစ်အတွင်းက စာတစ်စောင်ပါ။  အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းပြီးခါစ။ စိတ်ကူးအိပ်မက်က တောင်းဆိုနေတဲ့ဘဝနဲ့ ဘဝပြဋ္ဌာန်းမှုက တောင်းဆိုနေတဲ့ ဘဝ ဆိုတဲ့ ဘဝနှစ်မျိုးကြားမှာ ရွေးရခက်နေချိန်ပေါ့။ ကျွန်တော်ရတဲ့ဘွဲ့က BE ဘွဲ့။ အင်ဂျင်နီယာ။ ကျွန်တော့်စိတ်နှလုံးထဲက တောင်းဆိုနေတာကတော့ စာရေးဆရာ။ နိုင်ငံခြားထွက်ပြီး အင်ဂျင်နီယာလုပ်မယ်ဆိုရင် ငွေကြေးအရ ပြည့်စုံမယ့်ဘဝ။ ဒုတိယတစ်ခုကတော့ ဘာမှ မသေချာ မရေရာတဲ့လမ်း၊ ငတ်တစ်လှည့် ပြတ်တစ်လှည့်လမ်း။ တစ်ဖက်ကလည်း ကိုယ်လုပ်ချင်တာ လျှောက်လုပ်နေလို့ရလောက်အောင် ကိုယ့်မိဘက ငွေကြေးပြည့်စုံချမ်းသာသူမဟုတ်။  အဲဒီအချိန်မှာ မြန်မာပြည်မှာ အင်တာနက်ကဖေးတွေ စပေါ်ခါစ။ Gmail ဆိုတာလူသိပ်မသိကြသေးချိန်။ mptmail.net.mm ကလွဲပြီး တခြားဘာအီးမေးလ်မှ ဖွင့်ခွင့်မရှိတဲ့အချိန်။ အင်တာနက်ပေါ်က အခမဲ့ရတဲ့ လူမသိသူမသိ အီးမေးလ်တွေကို လိုက်ဖွင့်ပြီး ဟိုလူ့ဆီ စာလှမ်းရေးလိုက်၊ ဒီလူ့ဆီ စာလှမ်းရေးလိုက်နဲ့ ခုမှ အင်တာနက်တို့၊ အီးမေးလ်တို့နဲ့ စသုံးဖူးတဲ့ ကျွန်တော်တစ်ယောက် မျောက်အုန်းသီးရသလို။  အဲဒီအချိန် ပြည်ပကိုပြောင်းရွှေ့သွာ...

နယူးယီးယားဟာသ

နှစ်တစ်နှစ်ကုန်တော့မယ်ဆိုတိုင်း ကျနော်တို့တတွေ ပြက္ခဒိန်အသစ်ကို ချိတ်ကြ ရှေ့တစ်နှစ်စာ ဟောစာတမ်းတွေ ဟိုလှန် သည်ပွတ် ဖတ်ကြ ဒီနှစ်ထက် ရှေ့နှစ်က ကံပိုကောင်းမှာလား ချောင်းကြည့်ကြ။  တကယ်တော့လည်း ခုနှစ်ဟောင်းဆိုတာကိုက  တစ်ချိန်တုန်းက နှစ်သစ်ပဲမဟုတ်လား အဲသည်တုန်းကလည်း  ခု မလိုချင် စွန့်ခွာထွက်ပြေးချင် မြန်မြန်ကုန်ဆုံးနေစေချင်တဲ့ နှစ်ဟောင်းကိုပဲ မနှစ်တုန်းက  “လာပါတော့ အခါခါမော့ မာလာဖော့ မျှော်ပေါ့လေးနာရီ” လုပ်ခဲ့ကြ။ ရင်ခုန်ခြင်းများစွာနဲ့ ကြိုဆိုခဲ့ကြ ဝိုင်ခွက်တွေ တိုက်ခဲ့ကြ ဘီယာတွေ စီးဆင်းခဲ့ကြ အသားကင်တွေ၊ ငါးသံပရာတွေ အကြော်တွေအလှော်တွေ မီးရှူးတွေ မီးပန်းတွေနဲ့ပဲ  ကြိုဆိုခဲ့ကြ။  နှစ်သစ်ထဲဝင်ပြီး ပထမကွာတားလောက်ရောက်တော့ ရင်ခုန်သံတွေ အေးစက်ခဲ့၊ နှေးကွေးခဲ့ကြ မောပန်းနွမ်းနယ်လာခဲ့ကြ နုံးချိမောဟိုက်လာခဲ့ကြ အားတင်းကြရ၊ အချင်းချင်းအားပေးကြရ ဟောစာတမ်းတွေ မှန်တာတွေလည်းရှိ လွဲတာတွေလည်းရှိ ဘယ်နှလကျန်သေးတယ်၊ လက်ကျန်ကာလမှာ ဘာဖြစ်ဦးမယ်ရယ်လို့ ရက်လရှင်းတမ်းမှာ ကံဇာတာကြွေးကျန်ကို ပေသီးခေါက်ကြ။  ရယ်ကြ၊ မောကြ။ အားဖြည့်ကြ။ ရေဖြည့်ကြ။  နိုဝင်ဘာ၊ ဒီဇင်ဘာရောက်တော့ ကောင်းကျိုးမ...

‘တဏှာထက်ကြီးသောမြစ် မရှိ’ - ဆယမ်၏ များများထုတ်များများသုံးဝါဒကို ဗုဒ္ဓရှုထောင့်မှဝေဖန်ခြင်း

“ဖွံ့ဖြိုးမှု (တိုးပွားခြင်း) ဆိုတဲ့ စကားကို ပါဠိဘာသာနဲ့ ‘ဝဍ္ဎန’ လို့ ခေါ်ပါတယ်။ များပြားခြင်း လို့ အဓိပ္ပာယ်ရတယ်။ ကောင်းတဲ့အရာတွေ များပြားတာဖြစ်နိုင်သလို ပြဿနာ၊ ဒုက္ခဆင်းရဲ၊ ပဋိပက္ခတွေ များပြားတာလည်း ဖြစ်နိုင်တယ်။ ဒီနေ့ကမ္ဘာမှာတော့ ဖွံ့ဖြိုးမှုဆိုတာရဲ့ အဓိပ္ပာယ်ဟာ ကမ္ဘာကြီးမှာ အသိဉာဏ်ပညာကို လျစ်လျူရှုပြီး ရုပ်ဝတ္ထုပစ္စည်းတွေနောက်ပဲ လိုက်နေကြ ပေါများပြည့်လျှံနေကြတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။” ဒီ စကားကို မိန့်ကြားခဲ့သူကတော့ ဆယမ်* ဗုဒ္ဓဘာသာရဟန်းတော်တပါးလည်းဖြစ် အတွေးအခေါ်ရှင်လည်း ဖြစ်တဲ့ အရှင် ဗုဒ္ဓဒါသဘိက္ခုဖြစ်ပါတယ်။ ဒီ စကားပေါ်ကိုအခြေခံပြီး ဆရာ ဆုလက် ဆီဝရက်ဆက ဘာပြော သလဲဆိုတော့ များများတိုးထုတ်၊ များများသုံးစွဲဝါဒ (consumerism) က နောက်ဆုံးပေါ်မိစ္ဆာဘာသာပဲတဲ့။   ဒီ ဆောင်းပါးမှာတော့ ဆယမ်နိုင်ငံအပေါ် များများတိုးထုတ်၊ များများသုံးစွဲဝါဒရဲ့ ရိုက်ခတ်မှုအကြောင်းရယ်၊ ဆရာတော် ဗုဒ္ဓဒါသနဲ့ ဆရာဆုလက် ဆီဝရက်ဆတို့နှစ်ဦး ဟောပြောခဲ့တာတွေအပေါ် အခြေခံထားတဲ့ အမြင်သစ်၊ လမ်းကြောင်းသစ်တွေအကြောင်းရယ်ကို ဆွေးနွေးထားပါတယ်။ အဲဒီ ဆရာနှစ်ပါးဟာ ဆယမ် နိုင်ငံရဲ့ လူမှုအကျိုးပြုဗုဒ္ဓဘာသာရဲ့ ဗိသုကာတွေပါ။ ဒီ ဆောင်းပါးကို ...

အတိတ်ရဲ့အရိပ်

သူကပရိုဘောက်စ်လေးကိုလက်တားလိုက်လို့ကားရပ်၊ မှန်ချပြီးဈေးစကားစပြောစဉ်မှာပဲကားဆရာကိုသူစသတိထားမိတာပဲ။ သူထင်ထားသူများဖြစ်လေမလားပေါ့။ ဒါနဲ့ပဲသူတောင်းတဲ့ဈေးကိုမဆစ်ဘဲသွားဖို့သဘောတူလိုက်တယ်။ ကားဆရာနဲ့စကားပြောချင်တဲ့အတွက်တမင်တကာနောက်ခန်းမထိုင်ဘဲခေါင်းခန်း၊ ဒရိုင်ဘာဘေးမှာဝင်ထိုင်လိုက်တယ်။ ကားစထွက်စဉ်ကတည်းကသူနဲ့ကားဆရာနဲ့စကားတပြောပြောပဲ။“ကားလမ်းတွေလည်းကျပ်လိုက်တာဗျာ…” “ဟုတ်ပါ့ဆွဲမကောင်းဘူးညီလေး ရေ…” “ဆီဈေးကခုဘယ်လောက်ဖြစ်နေပြီးတုံး” “ခုနကပဲတစ်လီတာကို(…) နှုန်းနဲ့ထည့်ခဲ့ တာကွ… လုပ်စားကိုင်စားလို့မကောင်းတော့ပါဘူးကွာ။” စကားပြောနေရင်းနဲ့လည်း ကားဆရာရဲ့မျက်နှာကို သူအကဲခတ်တယ်။ များသောအားဖြင့် ရှေ့ကိုပဲကြည့်မောင်းနေရတယ်ဆိုပေမဲ့ ပွိုင့်မိတဲ့အခါ၊ ရှေ့သိပ်ကြည့်စရာမလိုတဲ့အခါမှာ စကားပြောလို့ အရှိန်တက်နေတဲ့ကားဆရာဟာ သူ့ကိုဘေးတိုက်လှည့်ကြည့်ပြီး ပြောတယ်။ သူပဲလား… တူသလိုလိုပါပဲ၊ မျက်နှာ ပေါက်မျက်နှာကျ၊ ပြောဟန်ဆိုပေါက်။ လူတူမရှားဖြစ်နေတာများလား… ။ တကယ်တော့ကြာခဲ့ပြီပဲလေ။ ကြာဆိုဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဆိုတော့ မှတ်မိဖို့က မနည်းစဉ်းစားနေရတာပေါ့။ ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းလူတစ်ယောက်ဟာ ရုပ်ရော၊ စိတ်ရောအများကြီး ပ...

တော်တော်ဆိုးတဲ့လူတွေ

ပူပြင်းတဲ့နွေနေ့လယ်ခင်းတစ်ခုမှာ (……) ရဲစခန်းဟာ ပြင်းထန်စူးရှတဲ့ နေရောင်အောက် မီးကင်ထားသလို ထင်ရတယ်။ ငိုက်မြည်းနေတဲ့ ဂိတ်စောင့် ရဲတပ်သားရဲ့ခေါင်းဟာ ဆတ်ခနဲ ဆတ်ခနဲဖြစ်ဖြစ်သွားပြီး မနည်း အားတင်းလို့ မျက်ခွံတွေကို ပြန်ပင့်တင်နေရတယ်။ အမှုလာဖွင့်တဲ့ လူတချို့ ညှိုးငယ်တဲ့မျက်နှာတွေနဲ့အတူ စခန်းထဲကနေ ပြန်ထွက်သွားတော့မှ အစောင့်ရဲတပ်သားကလေးဟာ ကိုယ်ကိုမတ်မတ်ပြန်ထိုင်ပြီး သေနတ်ကိုအသေအချာ ပြန်ဆုပ်ကိုင်လိုက်တယ်။ ပြင်းထန်လှတဲ့နွေအပူဒဏ်ကြောင့် ရဲဌာနတစ်ခုလုံးက ရဲဝန်ထမ်းတွေဟာ သစ်ပင်တွေနဲ့   အပြိုင် ညှိုးရော်လို့။ အပြင်ကပြန်လာတဲ့ စခန်းမှူးဟာ သူ့အခန်းထဲက စားပွဲမှာထိုင်ရင်း တစ်ချက်သမ်းဝေလိုက်တယ်။ ထမင်းစားပြီး ခါစမို့ ဗိုက်ကလည်း တင်းနေသလို အိပ်ချင်စိတ်ကလည်း သူ့ကိုနှိပ်စက်နေတယ်။ သူဟာ “ ပူလိုက် အိုက်လိုက်တာ မပြောပါနဲ့တော့ ” လို့ တစ်ခွန်းပြောရင်း အပေါ်ရှပ်အင်္ကျီကိုချွတ်လိုက်ပြီး တိုင်ငုတ်မှာ သွားချိတ်ထား လိုက်တယ်။ အောက်ခံစွပ်ကျယ်အောက်က အသားပေါ်နေတဲ့ နေရာကတော့ ချွေးတွေကြောင့် မည်းပြောင်နေလေရဲ့။ မျက်နှာကျက် ပန်ကာကို ဖွင့်လိုက်တော့ ပန်ကာကမလည်ဘူး။ ...