Skip to main content

Posts

Showing posts from January, 2010

ဒွိဟ "လ"

ပြည့်ပြည့်ဝန်းဝန်းရှိပြီးတာတောင်မှ လကလေးရေ ... မင်းဟာတွန့်ဆုတ်နေတုန်းပဲ။ ဧည့်သည်လုလင်ကို ရှက်နေတဲ့ အိမ့်ရှင်သမီးပျိုပမာ မင်းဟာ ကန့်လန့်ကာတိမ်တိုက်ရဲ့နောက် မျက်နှာကို ကြောက်ကြောက်နဲ့ဝှက်နေတယ်။ မှောင်မိုက်တဲ့ညကမ္ဘာမှာ မင်းဟာ ကောင်းကင်ရဲ့ဘုရင်မဖြစ်တယ်။ ခုလို အပြည့်အဝ မျက်နှာပြခွင့်ရဖို့ မင်းဟာ ရက်ပေါင်းသုံးဆယ် စောင့်ခဲ့ရတယ်။ ကောင်းကင်ကို မင်း ပိုင်စိုးဖို့က တစ်လမှတစ်ညတည်း။ လာပါလေ ... ထွက်ခဲ့ပါ ... ပွင့်ချင်သေးတယ် ငွားငွားစွင့်စွင့် ငါဟာ မင်းအနမ်းကိုစောင့်ဆိုင်းနေတဲ့ ကုမုဒြာကြာတစ်ပွင့်။ လရောင်ကိုတော့ဖြင့် မတွန့်တိုလိုက်နဲ့ဦး။ ပျောက်သောလမ်းပေါ်ကငါတစ်ယောက် မင်းအလင်းပြမှအိမ်ပြန်ရောက်နိုင်မှာ။ လျှို့ဝှက်တဲ့ကဗျာတွေကိုတော့ လနတ်သမီးအတွက် စပ်ထားတာဖြစ်တယ်။ တိမ်တိုက်ထဲမှာ မျက်နှာဝှက် အပြင်ကလူကို ရှက်နေမယ့်အစား ကန့်လန့်ကာကိုသာ ဖွင့်ဟထွက်ခဲ့။ ကြည်လင်ဝိုင်းစက် မျက်ဝန်းနက်တွေနဲ့ ငါ့ကိုသာ ရွှန်းရွှန်းစားစား ငုံ့ကြည့်လှည့်။ နှလုံးသားမီးအိမ်ကို ထွန်းညှိဖို့က ငါ့တာဝန်ထား။ လာပါ လကလေး ဘာပဲဖြစ်ဖြစ် တို့ချစ်ကြမယ် ရဲရဲရင့်ရင့်ပေါ့။ ။ ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်...

ကျွန်တော်ချစ်သော မချစ်သော မဟာရန်ကုန်

မီးရထားသည် ရန်ကုန်နှင့်နီးကပ်လာသောအခါ ကျွန်တော့စိတ်များ လှုပ်ရှားလာမိသည်။ မတွေ့ရတာကြာသည့် မြင်ကွင်းများကို ပြန်မြင်ရတော့မည်၊ မမြင်ရတာကြာသည့် မျက်နှာများကို ပြန်တွေ့ရတော့မည် ဆိုသည့်အသိသည် ကျွန်တော့ကို အထူးတလည် ရင်ခုန်သံမြန်စေပါသည်။ အလုပ်တာဝန်အရ ကျွန်တော်သည် ပျဉ်းမနားတွင် သုံးလနီးပါးမျှကြာအောင် သွားနေခဲ့ရသည်။ ရန်ကုန်နှင့် သည်လောက်ကြာအောင် တစ်ခါမျှ မခွဲစဖူး။ ပျဉ်းမနားတွင် နေစဉ်က ရန်ကုန်ကို သတိရသည့်အခါလည်း ရှိသည်။ မရသည့် အခါလည်းရှိသည်။  လူမှန်း မသိခင်တည်းက နေလာခဲ့သည့် ရန်ကုန်သည် ကျွန်တော့်အချစ်ဆုံးမြို့တော့ဖြင့် မဟုတ်လှပါ။ သို့ပါသော်လည်း တကယ်တမ်း ရန်ကုန်နှင့်နီးလာပြီဟေ့ ဆိုသောအခါ  ကျွန်တော်သည် ထိုင်ခုံမှာ ဖင်ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ တွဲပေါက်နားသွား၍ မြင်ကွင်းထဲဝင်လာတော့မည့် စုလစ်မွန်းချွန်များနှင့် ရန်ကုန်ဘူတာကြီး၊ မိုးယံသို့ ထိုးထောင်ထွက်နေသည့် ကုန်သည်ကြီးများ ဟိုတယ်နှင့် ဆာကူရာတာဝါတို့  ရှိရာဘက်ဆီသို့သာ လည်ကိုဆန့်၍ မျှော်ငေးနေမိပါသည်။ ခရီးသွားများ ဖြစ်လေ့ဖြစ်ထရှိသည့် အတိုင်း ရထားထွက်လာကာစက ပျဉ်းမနားအကြောင်းကို ပိုပြီး တွေး ဖြစ်ခဲ့သည်။ သာမန်မြို့ငယ်လေးဘဝမှ နိုင်...