Skip to main content

Posts

Showing posts from November, 2009

ဘူတာရုံ

အဲဒီနေ့က မိုးတွေသဲသဲမဲမဲရွာနေတာ ကောင်းကောင်းမှတ်မိတယ်။ ကာလရှည်လျား ပိတ်ထားခဲ့တဲ့ မျက်လုံးတွေကို ပထမဆုံးပြန်ဖွင့်ကြည့်မိတော့ ပင့်ကူမျှင်တွေ၊ ကြပ်ခိုးတွေစွဲနေတဲ့ မျက်နှာကျက်တစ်ခုကို မြင်လိုက်ရတာနဲ့ တစ်ဆက်တည်းဆိုသလို မိုးသံတွေကို ကြားမိလိုက်တာပဲ။ အခြေအနေကတော့ အိပ်မက်ဆိုးမက်နေရာကနေ လန့်နိုးလာသလိုမျိုး၊ အာကာသဟင်းလင်းပြင်ကြီးထဲကနေ လိမ့်ကျလာသလိုမျိုးပဲ။ ချွေးအိုင်ထဲကနေ ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား မျက်လုံးကစားမိတယ်။ စူးရှတဲ့ အလင်းရောင်တွေကို မျက်ကြည်လွှာတွေက ခုခံနိုင်စွမ်းမရှိသေးဘူး။ ဘာတွေလဲ ... ဘာမှ နားမလည်ဘူး။ မသိမှုတွေဟာ ၀ေ၀ါးနေတဲ့ နှင်းမြူတွေလိုပဲ။ အရာအားလုံးဟာ ရှေ့မှာပိတ်ဆို့ ကာဆီး ထားကြတယ်။ အလင်းရောင်ကိုခံနိုင်စွမ်းမရှိသေးတဲ့ မျက်လုံးတွေကို အသာအယာ ပြန်မှိတ်ထား လိုက်မိတယ်။ ဒီနေရာကို ဘယ်လိုရောက်လာခဲ့တာလဲ။ ငါဟာ ဘယ်သူလဲ။ ဒီကိုမရောက်ခင်က ဘာတွေဖြစ်ခဲ့လဲ။ မးခွန်းပေါင်းများစွာဟာ ပတ်ခြာလည်လှည့်နေကြတယ်။ ဒါပေမဲ့ အဖြေဆိုတာမရှိခဲ့။ ဘာမှပြန်စဉ်းစားမရခဲ့။ မှာင်မိုက်နေတဲ့အခန်းတစ်ခုကိုပဲ ရးတေးတေး ပန်မှတ်မိသလိုပါပဲ။ အဲဒီအမှောင်ရဲ့ဟိုမှာဘက်ကမ်းရော... အမှောင်တွေပဲ ထပ်လာခဲ့တာပဲ။ အမှောင်ပြီးရင် အမှောင်တွေသ...