Skip to main content

Posts

Showing posts from March, 2022

အပြာရောင်မီးတောက်တခုအကြောင်း

(၁) လွန်ခဲ့သည့် နှစ် ၃၀ ဝန်းကျင်။ ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ်ကွက် ခြံကျယ်တခြံထဲတွင် ဆောက်ထားသော တထပ် ပျဉ်ထောင်အိမ်ကလေးထဲမှာ ဖြစ်သည်။ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် ပိန်ပိန်ပါးပါးနှင့် အမျိုးသား တဦးက ဧည့်ခန်းထဲတွင်ထောင်ထားသည့် ဘုတ်ပြားကလေး တချပ်ရှေ့တွင်ရပ်နေသည်။ သူ့တခေါင်းလုံးမှာ ဆံဖြူတွေက အရွယ်နှင့်မလိုက်အောင် ဖွေးဖွေးလှုပ်နေသဖြင့် အဘိုးအိုပေါက်စလေးနှင့်တူနေသည်။ သူ့မျက်နှာမှာ အထူးခြားဆုံးကတော့ စူးရှသည့် မျက်လုံးတစုံ ဖြစ်သည်။ သူနှင့်မျက်နှာချင်းဆိုင်မှာတော့ ကလေး လေးယောက် ထိုင်နေကြသည်။  နွေရာသီဖြစ်သော်လည်း ခြံဝင်းကြီးထဲတွင် အရိပ်ရအပင်များရှိနေသလို အေးမြသည့် လေနုအေးကလည်း အနီးအနား ကန်တော်ကြီးရေပြင်ကို တချက်တချက် ဖြတ်သန်းတိုက်ခိုက်လျက်ရှိသည်။ ဘုတ်ပြားရှေ့မှာ ရပ်နေသော သူက လည်ချောင်းရှင်းလိုက်သည်။ ထိုလူသည် ဆယ်တန်းကျူရှင်ဆရာတဦး၊ အလွတ်သင် အင်္ဂလိပ်စာဆရာတဦး ဖြစ်ခြင်းကြောင့် ကလေးများကို စာပြနေသည်ဟု ထင်စရာ ရှိသည်။ သို့သော် သူကိုင်ထားသည့် ဘုတ်ပြားပေါ်တွင် ဆယ်တန်းစာ၊ အင်္ဂလိပ်စာတို့နှင့် လားလားမျှမဆိုင်သော စာများရေးထားသည်။ သေချာကြည့်ပါက စာကြောင်း ၁၀ ကြောင်းကို တွေ့ရမည်ဖြစ်သည်။  ၁။ လောဘ ၂။ ဒေါသ ၃။ ...