Photo: Internet (alamy.com) ငတိဟာ ငယ်သံပါအောင်အော်လို့ အမိကိုတ, ရင်း ကျမကို ကျိန်ဆဲရင်း သူ့ပေါင်ကြားကို လက်နဲ့အုပ်ရင်း။ အံခဲထားတဲ့ ကျမ ပါးစပ်ထဲ အသားစိုင်အသားစတွေ ငန်ကျိကျိသွေးနီတွေ ... ပျစ်ချွဲချွဲအဖြူအရည်ကြည်တွေ ... ကျမ ပေါင်ကြားက နာကျင်မှု (အတွက်) သူ့ပေါင်ကြားက နာကျင်မှု။ မျိုးတူစုပြု၍ သရေဟု သတ်မှတ် ကျေပြီဟု မှတ်ကြရုံပေါ့။ "မဟုတ်ဘူး" တဲ့ ... ဒင်းက တရားမျှတမှုကိုလိုချင်သေးတဲ့ပုံ။ ကျားနာဟာ ဒဏ်ရာကိုလျှာနဲ့ငုံ့လျက်ချိန် မုဆိုးရဲ့လေးညှို့က ပန်းတွေထွက်လာ ကျားနာရဲ့ရင်ကို ဂလိုင်ထွင်းသွား ... သရေတောင် ပေးမကျတဲ့ ဒီပွဲမှာ နိုင်သူဟာ ကျမလား သူလား ... 9th June 2021