အခန်းထဲဝင်လိုက်တာနဲ့ ဆရာပရော ဖက်မြတ်သစ်က အပြုံးနဲ့ဆီးကြိုပါတယ်။ဆရာ့အလုပ်ခန်းရဲ့ ငြိမ်သက်မှုနဲ့ ဆရာ ရဲ့အပြုံးဟာ လူတစ်ယောက်ရဲ့ ကံကြမ္မာကိုဖော်ထုတ်ဟောကြားဖို့ရာ လုံလောက်တဲ့ အကြောင်းအထောက် အပံ့လို့လည်း ပြောရင်ရနိုင်ပါတယ်။ ဆရာ့အလုပ်ခန်းနဲ့ကပ်လျက်မှာတော့ ဆရာ ဘုရားရှိခိုး၊ တရားဘာ၀နာပွားတဲ့ ဘုရားခန်းရှိပါတယ်။ စိတ်ရဲ့တည်ငြိမ်မှု အပေါ်အများကြီးအားကိုးရတဲ့ နက္ခတ္တ ဗေဒ ပညာရှင်တစ်ဦးအနေနဲ့ သမာဓိ တိုးတက်ဖို့ ဆရာလေ့ကျင့်ရပါတယ်။ သမာဓိဟာ ဟောချက်မှန်မမှန်ကို အဆုံး အဖြတ်ပေးတဲ့ အချက်တွေထဲက တစ်ခု လို့ ဆရာကပြောပါတယ်။