--> စာရေးဆရာမ နုနုရည်အင်းဝရဲ့ ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်းကန်တော့ခံတော်မူပါ (Smile As They Bow အမည်နှင့် အမေရိကန်လူမျိုးဘာသာပြန်ဆရာ အဲလ်ဖရက် ဘင်းဘောင်ဆိုသူက အင်္ဂလိပ်ဘာသာပြန်) ဝတ္ထုဟာ ၂၀၀၇ ခုနှစ်မှာမှ စတင်ချီးမြှင့်တဲ့ အာရှ စာပေဆု (Man Asian Literary Prize) အတွက် နောက်ဆုံးဆန်ကာတင် ငါးဦးအဆင့်အထိ ရောက်ခဲ့ပါတယ်။ ဟောင်ကောင်မှာကျင်းပတဲ့ ဆုချီးမြှင့်ပွဲမှာတော့ ဆုရစာအုပ်နဲ့စာရေးဆရာကို ကြေညာခဲ့ပြီး အဲဒီမှာ တရုတ်စာရေးဆရာ ကျန်းရုံရဲ့ Wolf Totem ဆိုတဲ့ စာအုပ်က ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ဆုနဲ့ကပ်လွဲခဲ့ပေမယ့်လည်း မြန်မာစာရေးဆရာ တစ်ယောက်ရဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဟာ အာရှတိုက်ကိုယ်စားပြု စာပေဆုတစ်ခုအတွက် ရှားရှားပါးပါး ဆန်ကာတင် စာရင်းချိတ်ခဲ့တာကတော့ ဂုဏ်ယူစရာဖြစ်ပါတယ်။ ဒါကြောင့် ဟောင်ကောင်ကနေ ပြန်ရောက်လာတဲ့ နုနုရည် (အင်းဝ)ကို ကျွန်တော်က မြန်မာတိုင်း(မ်)ကိုယ်စားပြုပြီး တွေ့ဆုံမေး မြန်းခဲ့ပါတယ်။ မေး။ ဒီဝတ္ထုကိုရေးဖို့ ဘယ်လိုမျိုးစိတ်ကူး စရခဲ့ပါသလဲ ဆရာမ။ ၁၉၉၀ မှာ ရန်ကုန်၊ တောင်ဥက္ကလာက နတ်ပွဲတစ်ပွဲကို သွားကြည့်ဖြစ်ပါတယ်။ ငယ်င...