ဒေါက်တာ အောင်ထွန်းသက်ကိုတော့ အထူးတလည် မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ ဒါကတော့ ကျွန်တော် မြန်မာတိုင်း(မ်)မှာ ရှိစဉ်က သူနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခု လုပ်ခဲ့ဖူးတာ လေးပါ။
အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ မိမိရဲ့အလုပ်အကိုင်အပေါ်မှာ ထားရှိရမယ့်စိတ်ဓာတ်၊ မိမိအနေနဲ့ ဘာတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ/ပညာရပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းဖို့ လိုမလဲစတဲ့ အသက်မွေးဝမ်းကျောင်း ပညာသည် (Professionals) တို့နဲ့ဆိုင်တဲ့ သတိပြုစရာတွေကို ဆရာက ဆွေးနွေးတင်ပြထားပါတယ်။
အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ မိမိရဲ့အလုပ်အကိုင်အပေါ်မှာ ထားရှိရမယ့်စိတ်ဓာတ်၊ မိမိအနေနဲ့ ဘာတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာ/ပညာရပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းဖို့ လိုမလဲစတဲ့ အသက်မွေးဝမ်းကျောင်း ပညာသည် (Professionals) တို့နဲ့ဆိုင်တဲ့ သတိပြုစရာတွေကို ဆရာက ဆွေးနွေးတင်ပြထားပါတယ်။
ပညာသည် (Professional) ဆိုတာကို အဓိပ္ပာယ်ဘယ်လိုဖွင့်ဆို ပါမလဲဆရာ။
တချို့က 'ပညာသည်' ဆိုတာကို 'ကြေးစား' ဆိုတာနဲ့မှားကြတယ်။ ဆရာ့ အမြင်အရ ပညာသည်ဆိုတာ နယ်ပယ် တစ်ခုခုမှာ ကျွမ်းကျွမ်းကျင်ကျင်ရှိသူ၊ ထူးချွန်သူ၊ သူအထူးပြုတဲ့ဘာသာရပ်မှာ ပြောရေးဆိုခွင့် ရှိသူ၊ ဝေဖန်တိက လုပ်နိုင်သူပေါ့လေ။ ကုလသမဂ္ဂမှာ ဝန်ထမ်းတွေကို အဆင့်နှစ်ဆင့် ခွဲထားတယ်။ တစ်ခုက ကျွမ်းကျင်အဆင့်ရှိသူ (ပညာသည်)နဲ့ နောက်တစ်မျိုးက အထွေထွေအကျိုးဆောင် (ပံ့ပိုးသူ) ပါ။ ပညာသည်ရဲ့ နောက်အဓိပ္ပာယ်တစ်မျိုးကတော့ လုပ်ငန်းနယ်ပယ်တစ်ရပ်မှာ အသက်မွေးဝမ်းကျောင်း ပြုနိုင်လောက်အောင် လုံလောက်တဲ့ ကျွမ်းကျင်မှုရှိသူလို့အဓိပ္ပာယ်ရတယ်။
လူတစ်ယောက်ကို ပညာသည်ဖြစ် လာအောင် လေ့ကျင့်ပေးလို့ရနိုင်ပါ သလား ဆရာ။
တက္ကတွေ၊ ကောလိပ်တွေက ဒီလူဟာ ဒီပညာရပ်မှာ အသက်မွေးလို့ရလောက်အောင် သင်ကြားပေး လိုက်ပါပြီလို့ သက်သေခံရုံ ခံပေးလိုက်တာ။ ဒါဆိုရင် ပထမအဆင့် ပြီးပြီပေါ့။ အောက်ထစ် အလုပ် လုပ်လို့ရပြီလို့ အသိအမှတ်ပြုပေးတဲ့ သဘောပေါ့။ ဒါကိုတော့ တတ်ကျွမ်းနားလည်မှု (Hard skill) လို့ ခေါ်တယ်။ ဒါတစ်ခုနဲ့တော့မလုံ လောက်သေးဘူး။ ခံစားနားလည်မှု (Soft Skill) ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးလည်း လိုပါသေးတယ်။ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ်ချင်းစာစိတ်၊ ဦးဆောင်နိုင်စွမ်း စတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးကို ဆိုလို တာပါ။ ဒီနှစ်မျိုးလုံးပြည့်စုံမှ ပညာသည် လို့ ခေါ်လို့ရပါတယ်။
ပညာသည်တစ်ယောက်ရဲ့ ကျင့်ဝတ် တွေက ဘာတွေပါလဲ။
ပညာသည်ဟာ ငွေမျက်နှာတစ်ခုတည်းကို မကြည့်ရဘူး။ မိမိအလုပ်နဲ့ ပတ်သက်ပြီး အမှန်အမှားနဲ့ တရားမျှတမှုကို ကိုယ့်ဟာကိုယ် သိရှိချိန်ဆတတ်ရမယ်။ ပညာသည်ဟာ တည်ကြည်ရမယ်၊ ဖြောင့်မတ် ရမယ်။ ဥပမာ၊ ရှေ့နေဆိုရင် သူဟာ အမှန်တရားနဲ့၊ ဥပဒေနဲ့ဆန့်ကျင်ပြီး မလုပ်ရဘူး။ ဆရာဝန်ဆိုလည်း ဆေးကျင့်ဝတ်နဲ့မကိုက်ညီတဲ့ ဆေးကုသမှုမလုပ်ရဘူး။ အင်ဂျင်နီယာဆိုလည်း စီမံကိန်းတစ်ခုဟာ လူတွေကို၊ သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေမယ်ဆိုရင် ငွေဘယ်လောက်ရပါစေ၊ မလုပ်ရဘူး။ ကိုယ်မှန်တယ် ထင်တာကို ခုခံပြောဆိုရဲတဲ့ သတ္တိလည်း ရှိရမယ်။
ပညာသည်မှာ ကျွမ်းကျင်မှုနဲ့ ကျင့် ဝတ်လိုက်နာတာနဲ့ ဘယ်ဟာက ပိုအရေးကြီးပါသလဲ။
ပညာသည်မှာ အရည်အချင်းနဲ့စာရိတ္တ ကောင်းမွန်မှု ရှိရမယ်။ ဘယ်ဟာက ပိုပြီး အရေးကြီးတယ်လို့ မတွေးစေချင်ဘူး။ ရိုးသားမှုတော့ရှိပါရဲ့၊ ယုံကြည်စိတ်ချရပါရဲ့၊ ဒါပေမယ့် တတ်ကျွမ်းမှုမရှိတဲ့သူ တစ်ယောက်ကို ဗိုက်ခွဲခိုင်းလို့ဘယ်လို ရနိုင်မလဲ။ အဲဒီလိုပဲ စိတ်ဓာတ်မကောင်းတဲ့ ဆရာဝန်ကိုရော ဘယ်လိုယုံကြည် စိတ်ချရနိုင်မလဲ။ ဒီနှစ်မျိုးစလုံး ပညာသည်ရဲ့ ခွဲမရတဲ့အစိတ်အပိုင်းနှစ်ခုပဲ။ ပညာသည်တို့ မည်သည် တစ်ချိန်တည်းမှာ မိမိအရည်အသွေးကို တက်အောင်ကြိုးစားနေသလို စိတ်ဓာတ်ကိုလည်း မြင့်မားအောင်ကြိုး စားနေသူတွေဖြစ်တယ်။
အဲဒီနှစ်မျိုးထဲက တစ်ခုခုချွတ်ယွင်းခဲ့ရင် ဘာဖြစ်နိုင်ပါသလဲ။
ကျွန်တော်တို့ ဘာကြောင့်ရှေ့နေဆီ၊ ဆရာဝန်ဆီ၊ အင်ဂျင်နီယာဆီ သွားကြသလဲ။ တို့ဆီမှာမရှိတဲ့ကျွမ်းကျင် ဝန်ဆောင်မှုကို သူတို့ဆီကမျှော်လင့်လို့ ပေါ့။ သူတို့ကိုအားကိုးလို့ပေါ့။ သူတို့ကို ယုံကြည်လို့ပေါ့။ တကယ်လို့ သူတို့က ဒီယုံကြည်မှုကို ဖျက်တယ်ဆိုရင် သူတို့ကျဆုံးတာပဲ။ သူတို့တင်မကဘူး။ သူတို့နဲ့ ဘ၀တူ ပညာသည်တွေရော၊ ပညာရပ်တစ်ခုလုံးပါ နာမည်ပျက်တာပဲ။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်တာ ပေါ့။
ပညာသည်တွေဟာ တိုင်းပြည် အတွက် ဘယ်လောက် အရေးပါပါ သလဲ ဆရာ။
ဘယ်နိုင်ငံမှာမဆိုပေါ့လေ၊ ပညာသည်တွေရဲ့ အားကိုလိုတာပဲ။ ဘယ်လိုပညာသည်မျိုးလဲ ဆိုတော့ ငွေတစ်ခုတည်းကို မကြည့်တဲ့၊ တာဝန်ယူရဲတဲ့ပညာသည်တွေပေါ့။ ဖွံ့ဖြိုးဆဲနိုင်ငံမှာဆိုရင် ပညာသည်တွေရဲ့ စုပေါင်းအားကိုပိုလိုတယ်။ ပညာသည် ပိုမိုပီသလေ၊ တိုင်းပြည် အတွက် ပိုမိုအကျိုးရှိလေပဲ။
မြန်မာနိုင်ငံက ပညာသည်တွေအား လုံးအတွက် ဆရာ့ရဲ့စကားလက် ဆောင်ကရော။
ပညာသည်ပီသချင်ရင် လေ့လာမှုသုံးမျိုးနဲ့ အမြဲလေ့လာနေပါ။ အဲဒီသုံးမျိုးကတော့ လေ့လာခြင်း (Learning)၊ ပယ်ဖျယ်ခြင်း (Unlearning) နဲ့ ပြန်လှန်လေ့လာခြင်း (Relearning) ပါ။ ဘ၀တလျှောက်လုံး လေ့လာသင်ယူနေရမယ်။ ပညာသင်ခြင်း ဟာ ဘယ်တော့မှမရပ်ဘူး။ နောက် ကိုယ်သိထားတဲ့အရာတစ်ခုဟာ ကာလ၊ ဒေသ နဲ့ မကိုက်တော့ဘူးဆိုရင် စွန့်လွှတ်ရမယ်။ ဒါကတော့ အခက်ဆုံးပဲ။ နောက်ဆုံးက တော့ ကိုယ်သိပြီးသားကိုပဲ ပုံစံအသစ် တစ်မျိုးနဲ့ ပြန်ပြောင်းချဉ်းကပ်တာပဲ။
ဘာများထပ်ဖြည့်စွက်ပြောချင်ပါ သေးသလဲ ဆရာ။
ပညာသည်တွေအားလုံးကို ဗလ သုံးတန်နဲ့ပြည့်စုံနေအောင် အမြဲလုပ်ပါလို့ တိုက် တွန်းချင်ပါတယ်။ တစ်က ကာယဗလပါ။ ကိုယ်ကျန်းမာကြံ့ခိုင်မှ အကျိုးပြုလို့ရမှာပါ။ ဒါကြောင့် ကျန်းမာရေး လေ့ကျင့်ခန်း တစ်မျိုးမျိုးကို လိုက်စားရ ပါမယ်။ နှစ်က ဉာဏဗလပါ။ သူ့မှာ ဉာဏ်ရည်ဉာဏ်သွေး (IQ)နဲ့ စိတ် နေစိတ်ထား (EQ) ဆိုပြီးနှစ်ပိုင်းပါတယ်။ ဉာဏ်ရည်ထက်မြက်ခြင်းက သူ တို့ရဲ့တတ်ကျွမ်းနားလည်မှုကို ပိုမို တိုးတက် စေလိမ့်မယ်။ စိတ်နေစိတ်ထားမြင့်ခြင်းက သူတို့ကိုလူ့အဖွဲ့အစည်းအတွင်း အားလုံးနဲ့ အဆင်ပြေစေလိမ့်မယ်။ သုံး ကတော့ ဒဿနိကဗလပါ။ ဘယ်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ၊ မိမိဘာ သာအလိုက် ကိုယ်ပိုင်ဒဿနကို တည်ဆောက်ရပါမယ်။ ဒါဟာ ကိုယ်ကျင့်တရားကောင်းမွန်မှုရဲ့ အခြေခံ အုတ်မြစ်ပါပဲ။
The Myanmar Times. Vol. 21, No 408 (March 3-9 2008)
Dr Aung Tun Thet is a professor and retired principal officer at the UN System Staff College in Turin, Italy.
» How do you define a professional?
Some have misinterpreted “professional” as “one who works for money”. For me, a professional is a person who is skillful and has a lot of knowledge in a particular field. He is also accountable for criticising or commenting on the subject he specialises. In the United Nations, staff are classified into two groups – professionals and general service. Another meaning for professional is who has enough skill in a profession to work and earn a living in it.
» Do you think a person can be trained to become a professional?
Universities or colleges just certify that you have been taught to earn a living in the area you specialise in. That means you have passed the first stage. But just holding a certificate, diploma or degree doesn’t mean that you are a professional. You just have the technical skills or “hard skills”. To become a professional, you must have to also have “soft skills”. Soft skills are those related to mental ability, such as communicating or social dealings. A professional also needs to have a sympathetic mindset, ability to work as part of a team and be able to organise other people. A person can be called successful if he has both hard and soft skills.
» What are professional ethics?
Professionals must have their own sense of what is right and fair in connection with their job. We say professional integrity or professional honesty. An attorney mustn’t go against the law or the truth. A doctor mustn’t perform treatments that disobey medical ethics. An engineer mustn’t construct a bridge if he thinks the project is harmful to people or the natural environment. They must have moral courage to defend what they think is right and fair. Professionals are upright, honest and have high moral standards.
» What is more important for a professional to have: skill or ethics?
A professional must be equipped with two “Cs” – competence and character. I don’t want anybody to think one is more important. We can’t assign any important task to a person who has a good character but doesn’t have any skill. For example, how can we ask a trustworthy person to perform a surgical operation if they are not trained to do so? Similarly, we can’t trust a skillful doctor who is ill-tempered. Both these abilities are integral parts of being a professional. So we can say that a professional is someone who is trying to develop his skills as well as his character at the same time.
» What would happen if a professional lacked either of them?
Why do we go to a doctor or an architect or an engineer or a lawyer? Because we rely on them to have the professional service that we lack – and we trust them. There is nothing worse than if they break that trust. Professionals are trustworthy people. Once they lose that trustworthiness, they fall and it affects the whole profession too. The whole circle of doctors is affected for a black-sheep doctor.
» What are your words of wisdom for the professionals of Myanmar?
Professionals should never forget the three types of learning: Learning, unlearning and relearning. They must keep learning more knowledge in their respective field for life. But they must also be ready to discard a theory whenever it is no longer suitable, and this is the most difficult part because nobody tends to forget their old knowledge – this is unlearning. Relearning involves approaching an idea from a different angle.
» How important are professionals for a country?
In any country, a professional must have pride in their own profession, which has nothing to do with money, and they need to be accountable. A developing country requires more collective effort from the educated. The more professional they are the more beneficial it is for their country as professionals can help increase the quality of human capital.
» Do you have anything to add?
I’d like to urge all professionals to be set with three energies – physical energy, mental energy and spiritual energy. Professionals need to take a certain kind of exercise for their fitness. For the mental energy, they are supposed to try to develop their intelligence quotient (IQ) and emotional quotient (EQ). Higher IQ will help them develop their hard skills in their subjects, and higher EQ levels will also enable to be easily fit in any organisation. And regardless of their religion, they should have had a firm set of spiritual beliefs, which is the basis for morality.
The Myanmar Times. Vol. 21, No 408 (March 3-9 2008)
တွေ့ဆုံမေးမြန်းကဏ္ဍမှာ အခြားဖတ်စရာ

ပညာတတ်ပြီး အဂတိ(ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ)လိုက်စားတဲ့သူတွေဟာ professional မဟုတ်တော့ဘူးပေါ့။ ဒါအမှန်ဘဲဗျ။ အဲဒီတော့ ကိုယ့်ပြည်ကို ပြန်ကြည့်လိုက်တော့ ဘယ်သူတွေများ professional အဖြစ်ကျန်သေးသလဲ မသိတော့ဘူး။
ReplyDeletevery good interview. questions and answers both were good. saya gave answers with anadotes and examplea that made me to think deeply on the meaning of professional. thanks for sharing.
ReplyDelete