Skip to main content

Posts

မသိန်းရှင်ဆီပို့ကြည့်လိုက်သော မာယာဘုံ

ကျွန်မသည် ပြီးခဲ့သောကာလတစ်ခုအတွင်း လူလေးဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ရသည်။ သို့သော် သူတို့နှင့် တွေ့ဆုံရင်းနှီးခဲ့သည်မှာ အပြင်မှာမဟုတ်ဘဲ စာမျက်နှာထက်တွင် သက်ဝင်လှုပ်ရှားနေသော စာရေးဆရာ၏ စိတ်ကူးဇာတ်ကောင်များအဖြစ် သိကျွမ်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုဇာတ်ကောင်းလေးဦးစလုံးသည် ခေတ် တစ်ခေတ် တည်းတွင် လူးလွန့်ရှင်သန်ခဲ့ကြကာ ထိုခေတ်၏ လှိုင်းလုံးများရိုက်ခတ်မှုဒဏ်ကိုလည်း ပုံစံတူ ရင်ဆိုင်ခဲ့ရ၊ ကျော်လွှားခဲ့ရ၊ နစ်မြုပ်ခဲ့ရသော ခေတ်ပြိုင်ဘဝတူဇာတ်ကောင်များ ဖြစ်ကြသည်။ သို့ရာတွင် ထိုဇာတ်ကောင်လေးဦးစလုံးသည် တစ်ဦးတည်းသော ကလောင်မိခင်ဝမ်းကြာတိုက်မှ မွေးဖွားလာ ခဲ့ခြင်းတော့ မဟုတ်ပါ။ မှောင်ခိုလုပ်ငန်းကို စက်ဆုပ်သော ကိုမြင့်နှင့် မှောင်ခိုသမလေး အေးမတို့မှာ ဆရာ မြသန်းတင့်၏ သားသမီးများ ဖြစ်ကြပြီး၊ နေ့စဉ် မြို့လုလင်ဘူတာမှ တောင်တွင်းကြီး-ကျောက်ပန်းတောင်း မီးရထားဖြင့် လိုက်ကာ ဝမ်းရေးအတွက် ထန်းလျက်မှောင်ခိုကူးရသူလေး ညိုညိုနှင့် ညိုညို့ကိုမှ သနားကြင်နာချစ်မိရသူ ရထားလိုက်စာရေးလေး ကိုရင်မောင်တို့မှာ ဆရာနိုင်ဝင်းဆွေ၏ စုတ်ချက်ဖျားမှ အရုပ်ထင်လာခဲ့ကြသော ဆေးစက်လေးများ ဖြစ်သည်။  ဆရာမြသန်းတင့်၏ ‘မာယာဘုံ (သင့်စာပေ/၁၉၇၅)’ သည်လည်းကောင်...

တန်ဖိုးထားမှုလျော့ကျလာသော မိခင်ဘာသာစကား

ဒီကြော်ငြာကိုတွေ့တော့ ရင်ထဲမကောင်းဘူး။ မြန်မာမိဘက မွေးတဲ့ကလေးကို မြန်မာစကား ပြန်သင်ပေးနေရတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်သလို ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ နိုင်ငံတကာကျောင်းတွေ မှာ မိမိကလေးကို ထားကြတယ်ဆိုတာ နိုင်ငံတကာ ပညာရေးကို ငယ်ကတည်းက ရစေချင်လို့ဆိုပေမဲ့ မိခင်ဘာသာစကားကို မကျွမ်းကျင်တဲ့အနေအထား ဖြစ်ရတယ်ဆိုတာလည်း လွဲနေပါသေးတယ်။ “အိမ်ကကလေးကလေ မြန်မာလို ကောင်းကောင်းမပြောတတ်ဘူး သိလား ဟင်း ဟင်း” ဆိုတဲ့ တချို့သော မိဘတွေရဲ့ တလွဲဆံပင်ကောင်း ဂုဏ်ယူတတ်တာတွေကိုလည်း မြင်ရကြားရလာတော့ သက်ပြင်းပဲချရုံ။ မြန်မာမိဘကပဲဖြစ်ဖြစ်၊ တိုင်းရင်းသားမိဘကပဲဖြစ်ဖြစ် မွေးလာတဲ့ဘယ်ကလေးမဆို မိခင်ဘာသာစကားဆိုတာ အလိုလိုတတ်မြောက်တာမျိုးပါ။ မိခင်ဘာသာစကားကို ကလေးက မတတ်မြောက်ဘူး၊ မကျွမ်းကျင်ဘူး သို့မဟုတ် အားမသန်ဘူးဆိုရင် ကလေးထက် အနီးဝန်းကျင်က လူကြီးတွေရဲ့အားနည်းချက်လို့ပဲ ဆိုရပါလိမ့်မယ်။ ကလေးဆိုတာကတော့ သူနဲ့နီးစပ်တဲ့ဘက်ကိုပဲ အားသန်သွားတတ်တာပါ။ တစ်ခုရှိတာက မြန်မာနိုင်ငံက လူနည်းစုတိုင်းရင်းသားတွေထဲမှာ တိုင်းရင်းဘာသာစကား မပြောတတ်တဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူတို့မပြောတတ်တာက နိုင်ငံရေးစနစ်တွေ၊ ပညာရေးမူဝါဒတွေကြောင့်ပဲဖြစ်ပြီး မိဘ...

ဂျူလီ

“ဟဲ့ နင်ဘယ်လာတာလဲ” ရုတ်တရက် ကြားလိုက်တဲ့ ခေါ်သံကြောင့် ကျနော် လှည့်ကြည့်လိုက်တော့ ကျနော့်ညာဘက်ဘေး သုံးပေ အကွာလောက်နား လက်ထဲမှာ ပစ္စည်းပစ္စယတွေကိုင်ပြီး ရပ်နေတဲ့ ဂျူလီ့ကိုတွေ့လိုက်တာပါပဲ။ ရုတ်တရက် တော့ သူ့ကိုမမှတ်မိဘူး။ ရှည်လာတဲ့ဆံပင်ကို အဝါနဲ့အနီရောင် ဟိုက်လိုက်ဖောက်ထားပြီး နည်းနည်း ကောက်ထားတာရယ်၊ မဆိုစလောက်လေး ဝလာတာရယ်ကြောင့်ရယ်၊ လုံးဝ ထင်မထားတဲ့ အချိန်မှာ တွေ့တာကြောင့်ရယ် နှစ်စက္ကန့်လောက် ကျနော် သူ့ကို ကြောင်ငေး ကြည့်နေပြီးမှ အသိဝင်လာတယ်။  သရုပ်ဖော် - ငုအိမ်ထက်မြက် “ဪ အင်း ... ပါဝါဘန့်ခ်တစ်ခု ဝယ်စရာရှိလို့ လှည်းတန်းစင်တာအောက်က Remax ကို လာတာ” “ဟုတ်လား ... ငါလည်း ခုပဲ လှည်းတန်းစင်တာထဲကနေ ထွက်လာတာ၊ နင် ခု ဘယ်မှာ ဘာတွေလုပ်နေလဲ” ဂျူလီ့အမေးကို ကျနော် ချက်ချင်းပြန်မဖြေမိဘဲ နှုတ်ခမ်းတွေက အလိုအလျောက် ကွေးတွန့်သွားတယ်။ ပြုံးလိုက် ရယ်လိုက်လုပ်တိုင်း နဂိုကမှ ကျဉ်းရတဲ့ မျက်စိမှေးမှေးက ပိတ်ပိတ်သွားတတ်လို့ ‘တရုတ်ကလေး’ လို့ ဂျူလီက အမြဲ ခေါ်တာ ခံခဲ့ရဖူးတဲ့ ကျနော်ဟာ ခုလည်း ဂျူလီ့အမြင်မှာ မျက်မှေးကလေး ဖြစ်သွားဦးမှာပဲဆိုတာ စိတ်ထဲက သိလိုက်ပြီး စိတ်မှာ မလုံသလိုလေး ဖြစ်သွားတယ်။ ရှူးဖိနပ်ထဲက ကျနော့် ခြ...

ရှောစောင်တဘက်

ဤ လောက၌ ပူသောငရဲအပြင် ရေခဲငရဲရှိနေသေးလား စတယ်လာ မသိ။ အေးလိုက်သည်မှာ ခဲတော့မည်။ လမ်းမများထက် သူတို့ အတူတူ ခြေကျင်နှင်ခဲ့ကြသည်။ ရိုစာ၏ ရင်သားများက နာကျင်နေ၏။ မက်ဂဒါက ထိုရင်နှစ်မြွှာကြား ရစ်ပတ်ထုပ်ထားသည့် စောင်ပဝါထုပ်ကလေးထဲ ကွေးကွေးလေး လိုက်ပါလာသည်။ စတယ်လာက မက်ဂဒါကို တစ်လှည့်ယူချီသည့် အခါလည်း ရှိသည်။ သို့သော် မက်ဂဒါကို စတယ်လာ မနာလို။ စတယ်လာသည် အသက် ဆယ့်လေးနှစ်သာရှိသေး၏။ သို့သော် လူက ဝါးခြမ်းပြားလောက်သာ ရှိသည်။ ခါးသေးသလောက် ရင်ကလည်း မချီနိုင်သူ ဖြစ်သည်။ စတယ်လာသည်လည်း မက်ဂဒါလိုပင် ကိုယ်တစ်ပိုင်းခြုံစောင်လေးထဲ အထွေးခံလျက် လိုက်ချင်နေသည်။ ဒါဆို သူ့ကို လူမမြင်တော့ဘူးပေါ့။ အိပ်လျက်လိုက်မည်။ လူပေါ်လိုက်ရလျှင် ပုခက်ထဲချော့သိပ်ခံရသလိုဖြစ်နေမည်။ လူကြီး လက်ပေါ်ရောက် ပုတုကွေးကလေးအဖြစ်ကို သူစိတ်ကူးယဉ်၏။ မက်ဂဒါက ရိုစာ၏ နို့ကိုစို့သည်။ ရိုစာသည် မနေမနား တသွားတည်း သွားနေသည်။ လမ်းလျှောက်ပုခက်နှင့်တူ၏။ သို့သော် သူ့မှာ နို့က မထွက်ချင်တော့။ မက်ဂဒါသည် လေကိုသာ စုပ်နေမိသည့်အခါရှိသည်။ နို့မရတိုင်း သူအော်ငိုသည်။ စတယ်လာ့ဗိုက်ထဲ ပါစကဝမ်းမီးတွေက တဟုန်းဟုန်း တောက်လျက်။ သူ့ဒူးနှစ်ဖက်သည် တုတ်ချောင်းများပေါ်ရှိ အဖုအဆစ်ကလ...

မုန်း၍မဟူကို မုန်း၍မဟုတ်ဘဲ ဝေဖန်ခြင်း

ဂျာနယ်ကျော် မမလေးဟာ သူ့ခေတ်သူ့အခါကဆို အတော်ကို ပေါ်ပြူလာဖြစ်တဲ့ မိန်းမစာရေးဆရာ တဦး။ စာအရေးအသားလည်း ကောင်း၊ ထက်လည်းထက်မြက်၊ ရုပ်လည်းချော၊ ယောက်ျားကလည်း ဂျာနယ်ကျော် ဦးချစ်မောင်လို ပုဂ္ဂိုလ်။ လင်နဲ့မယား အတွဲအဖက်ညီညီနဲ့ သုတ၊ ရသ၊ သုံးသပ်ချက် ဆောင်းပါးတွေ ရေးခဲ့ကြသူတွေ။  မမလေးကို စဖတ်ဖူးတာ သုံးတန်းလောက်ကဖြစ်မယ်။ အိမ်မှာရှိတဲ့ ‘သွေး’ ဝတ္ထုပေါ့။ ခဏခဏပြန်ဖတ်တယ်။ မောင်မောင့်အစ်မ ဂျပန်မလေး ယုမိစံ ကိုလည်းသနား၊ မောင်မောင့်ကိုလည်း သနား ကိုယ်ချင်းစာမိတယ်။ မောင်နှမနှစ်ယောက် ပြန်ဆုံတဲ့ ဇာတ်လမ်းအဆက်လေးကို ကိုယ့်စိတ်ကူးနဲ့ကိုယ် ဆက်ရေးကြည့်ရတယ်။  ငါးတန်းလောက် ရောက်တော့ ‘ရင်နင့်အောင်မွှေး’ ဖတ်ရတယ်။ အဲဒီတုန်းကတော့ ကြိုက်တာပဲ။ နောက်တော့ ‘သူလိုလူ’၊ ‘အဖြူ’၊ ‘သူမ’ စတာတွေ ဖတ်ဖြစ်တယ်။ ဒါပေမဲ့ ရှုမဝမဂ္ဂဇင်း အယ်ဒီတာအဖွဲ့နဲ့ အခြေအတင် ဖြစ်ရတဲ့အထိ ဖြစ်ရတယ်ဆိုတဲ့ ‘မုန်း၍မဟူ’ကိုတော့ မကြာသေးခင်ကမှ ဖတ်ဖူးတယ်။ ငယ်ငယ်က ဖတ်ဖူးရင်တော့ ကြိုက်မလားမသိပေမဲ့ အခုအရွယ်မှာတော့ ပြောစရာတွေ တွေ့လာတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကာလ နောက်ခံထားထားတဲ့ မုန်း၍မဟူထဲမှာ ဝေဝေဆိုတဲ့ ဧရာဝတီတိုင်းသူ ကလေးဟာ သူ့ထက်အသက်အများကြီးကြီးတဲ့ ဦးစောဟန် ဆိ...

မန္တလေးတောင်ထက်က ယွန်းရုပ်လေးရဲ့ မာယာ

ရသတံတား ဘာသာပြန် အလုပ်ရုံဆွေးနွေးပွဲ၊ အင်္ဂလိပ်မှ မြန်မာသို့ ပြန်ဆိုခြင်းအတွက် တက်ရောက်ချင်သူများထံကနေ လျှောက်လွှာပေါင်း (---) စောင်ရရှိခဲ့ပြီး အဲဒီထဲကမှ test သဘောမျိုး အစမ်းပြန်ခိုင်းခဲ့တဲ့ စာပိုဒ်ကို ဘာသာပြန်ဆို ပေးပို့လာသူက (---) စောင်ရှိပါတယ်။ အင်္ဂလိပ်-မြန်မာ အလုပ်ရုံဆွေးနွေးပွဲ ၂ ခုအတွက် တစ်ခုကို ၆ ဦးစီ ရွေးရမှာဖြစ်ပြီး မကြာခင် အရွေးခံရသူတွေကို အကြောင်းပြန်ပါ လိမ့်မယ်။  ပါဝင် လျှောက်ထားသူ အားလုံးက test translation ကို ကြိုးစားပြီး ပြန်ထားကြပါတယ်။ လုံးဝ ရာနှုန်းပြည့် ကွက်တိဖြစ်အောင်၊ အကြိုက်ကြီးကြိုက်ရလောက်အောင် ပြန်နိုင်သူတော့ မတွေ့ပေမယ့် အဓိပ္ပာယ် လွဲမသွားအောင် မိအောင် ပြန်နိုင်သူတွေ ရှိတယ်။ အဲဒီ စာပိုဒ်လေးနဲ့ ပတ်သက်ပြီး ဘာသာပြန်အမြင် ဆွေးနွေးဖလှယ်ချင်တာကြောင့် ခုလို ရေးရတာ ဖြစ်ပါတယ်။ ဒီမှာ ဘယ်လိုပြန်မှ၊ ဘယ်လိုယူဆမှ မှန်တယ်၊ ဘယ်လိုဆိုင် မမှန်ဘူးစသည်ဖြင့် လှေနံဓားထစ် ပြောဖို့မဟုတ်ဘဲ ဘာသာပြန်ခြင်းရဲ့ သိမ်မွေ့ပုံအကြောင်း၊ အမြင်အယူအဆပိုင်းဆိုင်ရာ ချဉ်းကပ်ပုံအကြောင်း မျှဝေဖို့ပါပဲ။  လျှောက်လွှာမတင်ခဲ့သူတွေအနေနဲ့ အောက်ပါစာပိုဒ်ကို ဖတ်ပြီး ခု ဆောင်းပါးကို ဆက်မဖတ်သေးဘဲ ကိုယ့်ဟ...