Skip to main content

Posts

သွားပြီ ပီတာ နှုတ်ဆက်တယ်

ဒီနေ့ ပီတာအသက် ရွှေရတုတိုင်ပြီ။ ဒါဆို ကျနော့်အသက်လည်း ရွှေရတုပဲပေါ့။ ရွှေရတုရောက်တဲ့အထိ သူနဲ့အတူရှိနေသေးတာဆိုလို့ ကျနော်ပဲကျန်တော့တာ။ ကျန်တဲ့သူတွေကတော့ ခရီးတစ်ဝက် လမ်းခုလတ် မှာတင် လက်ပြနှုတ်ဆက်သွားခဲ့ကြပြီ။ မနက်အိပ်ရာ နိုးနိုးချင်းမှာပဲ ကျနော်ပီတာကို ‘ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ ပီတာရေ’ လို့ ဆုတောင်းပေးလိုက်သေးတယ်။ သူကြားမှာမဟုတ်မှန်း သိပေမဲ့ပေါ့လေ။ တကယ်တော့လည်း ကျနော့်တစ်သက်မှာ သူ့ကိုမွေးနေ့ဆုတောင်းပေးတာ ခု ဒါပထမဆုံးပဲ။ အဲ … နောက်ဆုံးလည်း ဖြစ်လိမ့်မယ်လို့တော့ မသိခဲ့ဘူးပေါ့လေ။  ပီတာနဲ့ ကျနော်နဲ့က တစ်နေ့တည်း၊ တစ်ချိန်တည်းမွေးကြတာပေါ့။ တစ်မအေတည်းကနေ မွေးကြတာပေါ့။ အမြွှာညီအစ်ကိုတော့လည်း မဟုတ်ပြန်ဘူး။ နားရှုပ်သွားလား။ မရှုပ်ပါနဲ့။ ပီတာမှာ အမြွှာမရှိပါဘူး။ ရိုးရိုးအမြွှာလည်းမရှိသလို ခေါင်းချင်းဆက်၊ ကိုယ်ချင်းဆက်၊ ရင်ချင်းဆက် အမြွှာလည်းမရှိပါဘူး။ ကျနော်က အမှန်တော့ သူ့ခေါင်းပေါ်က ဆံပင်မွေးတစ်ချောင်းမျှရယ်ပါ။ ဖွားဖက်တော် ဆံပင်မွေးအနည်းငယ်အနက်က တစ်ချောင်းပေါ့။ ကြီးမှ အသစ်ထပ်ပေါက်လာတဲ့ ဆံပင်မျိုးထဲကမဟုတ်ဘူး။ ဒါကြောင့် ပီတာရဲ့ဖွားဖက်တော် ပိုစစ်တယ်လို့ဆိုရမှာပေါ့။  ကျနော်က “ပီတာ၊ ပီတ...

နေတစ်စင်းရဲ့ခရီးရှည်

နေချိုသွားပြီ၊ ကောင်းကင်မှာ ပုစွန်ဆီရောင်တွေသန်းလာပြီလည်း ဆိုရော ကျနော်လည်း ချုံတွေ ကွယ်နေတဲ့ မြောင်းထဲကနေ အသာကုပ်ကပ်ထွက်လာပြီး ခြံစည်းရိုးနားကို ကပ်သွားတယ်။ ခြံစည်းရိုးက ခနော်နီခနော်နဲ့ ပါပဲ။ ပြင်ဦးလွင်တို့၊ ကလောတို့ဘက်မှာ မြေကွက်ဝယ်ထားသူတွေက အကွက်ရိုက်၊ ခြံခတ်ရင် သုံးတဲ့ သံဆူးကြိုးတွေ လောက်ပဲ။ ခတ်ထားတာ ကြာပြီမို့ထင်ပါရဲ့ ... သံဆူးကြိုးတွေက သံချေးတွေ တက်နေပြီး လျော့တွဲကျနေကြပြီ။ ပြတ်ကျနေတဲ့ နေရာ အပေါက်ကနေ ခြံဝင်းထဲ အသားလေးပဲ ကျနော် လျှိုဝင် လိုက်တယ်။  ခြံဝင်းကအကျယ်ကြီးပဲ။ စစ်တပ်ပိုင် ဆန်စက်တွေထဲက တစ်ခုပေါ့။ စက်ရုံမကြီးကိုပတ်ပြီး နောက်ဖေးဘက် ဂိုဒေါင်တွေ ရှိရာဘက်ဆီ ကျနော် မှောင်ရိပ်ခိုရင်း ခပ်သုတ်သုတ်လှမ်း လာလိုက်တယ်။ စက်ရုံထဲမှာတော့ အလုပ်သမား အချို့ မပြန်ကြသေးဘူး။ တချို့လည်း အပြင်ဘက် အုတ်ရေကန် နားမှာ ရေချိုးနေကြတယ်။ တစ်နေရာမှာ သံပုံးအစုတ်နဲ့ ခလုတ်တိုက်မိလို့ လန့်ပြီး ခဏရပ်နေရသေးတယ်။ သူတို့ မကြားမှန်းသေချာမှ ကျနော်လည်း ဟိုးနောက်ဖက် ဆက်ထွက်လာခဲ့တယ်။ ဂိုဒေါင်ဟောင်းတစ်လုံးတွေ့တာနဲ့ တံခါးသော့ခလောက်ကို အုတ်ခဲနဲ့ ထုဖျက်ပြီး အထဲဝင်လိုက်တယ်။  ဂိုဒေါင်အတွင်းပိုင်းက မှောင်မည်းနေပြီး စိုထ...

ဝါဆိုလပြည့်နေ့အတွေးများ

ဓမ္မစကြာဒေသနာရဲ့အဆုံးမှာ ပဉ္စဝဂ္ဂီငါးဦးအနက်က ရှင်ကောဏ္ဍညတစ်ပါးတည်းသာ တရားကို သိတယ် (သောတာပန်တည်တယ်)လို့ ဆိုတယ်။ ကျန်လေးပါးကတော့ နောက်ရက်တွေမှာ ဗုဒ္ဓက တရားရှုမှတ်တတ် အောင် အနီးကပ်သင်ကြားပြသပေးမှ (guide လုပ်ပေးမှ) သောတာပန် ကိုယ်စီတည်ကြတယ်။ အားလုံး သောတာပန်ဖြစ်ပြီး လပြည့်ကျော်ငါးရက်နေ့ကျမှ အနတ္တလက္ခဏသုတ်ကိုဟောမှ ငါးပါးစလုံး ရဟန္တာဖြစ်ကြတယ်။  ဆိုတော့ ပါရမီအရင့်အမာပုဂ္ဂိုလ်တွေတောင်မှ ဗုဒ္ဓနဲ့တွေ့ပြီးတရားနာရတာတောင် တရားသိမြင်တဲ့ အဆင့်ချင်းမတူကြဘူးပေါ့။ ဗုဒ္ဓရဲ့သာဝကတွေထဲမှာတောင် တစ်ဦးနဲ့တစ်ဦး တရားကိုထိုးထွင်းသိမြင်ကြတဲ့ အဆင့်တွေ ကွာခြားကြပြန်တယ်။ လူတစ်ဦးနဲ့တစ်ဦး ဉာဏ်ရဲ့လျင်မြန်မှုချင်းမတူကြဘူး။ နောက်ပြီး တရားအထက်အဆင့်တွေကို တက်လှမ်းရာမှာလည်း ကြာတဲ့အချိန်တွေ မတူကြပြန်ဘူး။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ဟာ ရှင်အဿဇိဟောတဲ့ “ယေ ဓမ္မာ ဟေတုပ္ပဘဝါ …” အစချီ ဂါထာကိုနာရရုံနဲ့ သောတာပန်ဖြစ်ကြပေမဲ့ ရဟန္တာဖြစ်အောင် ဆက်အားထုတ်ကြရာမှာတော့ ရှင်မောဂ္ဂလာန်က ရက်သတ္တ တစ်ပတ်၊ ရှင်သာရိပုတ္တရာက နှစ်ပတ်ကြာတယ်လို့ ဆိုတယ်။ အကြောင်းကတော့ ရှင်သာရိပုတ္တရာဟာ ဉာဏ်ပညာမှာ ဧတဒဂ်ရမယ့် ပုဂ္ဂိုလ်ဖြစ်မှာမို့လို့ တရားကိုအန...

သရေတောင်မရတဲ့ပွဲ

Photo: Internet (alamy.com) ငတိဟာ ငယ်သံပါအောင်အော်လို့ အမိကိုတ, ရင်း ကျမကို ကျိန်ဆဲရင်း သူ့ပေါင်ကြားကို လက်နဲ့အုပ်ရင်း။  အံခဲထားတဲ့ ကျမ ပါးစပ်ထဲ အသားစိုင်အသားစတွေ ငန်ကျိကျိသွေးနီတွေ ...  ပျစ်ချွဲချွဲအဖြူအရည်ကြည်တွေ ...  ကျမ ပေါင်ကြားက နာကျင်မှု (အတွက်) သူ့ပေါင်ကြားက နာကျင်မှု။  မျိုးတူစုပြု၍ သရေဟု သတ်မှတ် ကျေပြီဟု မှတ်ကြရုံပေါ့။ "မဟုတ်ဘူး" တဲ့ ... ဒင်းက တရားမျှတမှုကိုလိုချင်သေးတဲ့ပုံ။ ကျားနာဟာ ဒဏ်ရာကိုလျှာနဲ့ငုံ့လျက်ချိန် မုဆိုးရဲ့လေးညှို့က ပန်းတွေထွက်လာ ကျားနာရဲ့ရင်ကို ဂလိုင်ထွင်းသွား ...  သရေတောင် ပေးမကျတဲ့ ဒီပွဲမှာ နိုင်သူဟာ ကျမလား သူလား ... 9th June 2021

မြန်မာ့ပြည်တွင်းရေးပဋိပက္ခ၊ အမှတ်လက္ခဏာပညတ်မှုများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း

မြန်မာနိုင်ငံရဲ့ ယနေ့အသွင်ကူးပြောင်း ရေးကာလ ခြေလှမ်းတွေကို အဓိကခြိမ်းခြောက်နေတဲ့ အန္တရာယ်ဟာ ပြည်တွင်းရေးပဋိပက္ခ (ဝါ) လူမျိုးစုပဋိပက္ခပါပဲ။ ဒါဟာလည်း နိုင်ငံရေးလေ့လာသူ ပညာရှင်တွေရဲ့အဆိုအရ ဒီမိုကရေစီအသွင်ကူးပြောင်းကာစ နိုင်ငံတွေ ရင်ဆိုင်ရ လေ့ရှိတဲ့ စိန်ခေါ်မှု တစ်ခုလည်း ဖြစ်နေပြန်တယ်။ တခြားသောအရှေ့တောင်အာရှနိုင်ငံတွေမှာလည်း လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ တိုင်းရင်းသားနိုင်ငံရေးဖြစ်စဉ်တွေကို ထည့်သွင်းတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုပေမယ့် တိုင်းရင်းသားအရေးဟာ မြန်မာပြည်မှာလောက် ဘယ်နိုင်ငံမှာမှ ပြဿနာအားလုံးရဲ့ဗဟိုမှာရှိမနေဖူးဘူး (Gilbert, 2009)။ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး စာတမ်းကိုင်ဆောင်ထားသော စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု (ဓာတ်ပုံ - Reuters) ဒီဆောင်းပါးဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းရှည်လျားလှတဲ့ ပြည်တွင်းစစ်မီးနဲ့ တိုင်းရင်းသားပဋိပက္ခပေါင်းစုံကို ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့ ဆေးနည်းတစ်ခု (ဝါ) ထွက်ပေါက်တစ်ခုကို ပေးဖို့တော့မဟုတ်ဘူး။ ဒါပေမဲ့ တိုင်းရင်းသား ပဋိပက္ခဆိုတဲ့အပေါ် ကျွန်တော်တို့အကြား (အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတို့ရဲ့ ခံစားမှုကို တို...