Skip to main content

Posts

ကမ္ဘာအသစ်တေး

နွေခေါင်ခေါင် မီးလောင်ငုတ်တို ရိုးတံကြဲ ပင်အို သံမချို ရွှေဥဩ ဟိုကောင်းကင်တစ်ကြောမှာ လင်းတတို့ပျံကာဝဲ။ ခပ်မည်းမည်းယာဉ်ရထားက အော်ငေါက်ပွတ်အဆွဲမှာ အားလုံးဖရိုဖရဲဖြစ်သွားတယ်။ ခေါင်းလောင်းတွေက အသံတိတ်၊ နှာခေါင်းတွေကိုပိတ်စနဲ့အုပ်ထားတယ်။ အချစ်ကိုတော့အကြောက်နဲ့အုပ်လို့။ သူငယ်ချင်းလည်း သူစိမ်း၊ သူစိမ်းလည်းသူငယ်ချင်း တို့တစ်တွေ မျက်နှာချင်းမဆိုင်တာ ကြာလှရော့မယ်။ ဒီ ကာလနာဟာ ဘယ်လောက်သက်ဆိုးရှည်မတဲ့လဲ။ ကပ်ကြီးပြီးရင်တော့ … သင်္ကြန်မိုးလေးအကြွေးရွာဦးမှ ပိတောက်က စောင့်နေတာမဟုတ်လား။ ညာလက်နဲ့စပါးရိက္ခာ ဘယ်လက်နဲ့ဝတ်စားတန်ဆာပေး ပေးမယ့်သူ ပေါက္ကံကမျှော်နေတာ ကပ်ကြီးပြီးရင်တော့ အမုန်းတွေလျှော့၊ ကာဗွန်တွေလျှော့တော့။ ချော့မော့ရမှာက မေတ္တာမဲ့တွေ။ ငဲ့ရမှာက နှုတ်ခမ်းပဲ့တွေ။ အစိမ်းရောင်ကိုလည်းချစ်၊ ဘဝနေပုံတွေလည်း ပြောင်းပစ် ကမ္ဘာအသစ်ကိုမျှော်လင့်ရင်း လက်ကိုသာ နာနာဆေးထားကြ။ နှလုံးသားလည်း ကျယ်ကျယ်ဖွင့်ထားကြ။ 29 March 2020 ကဗျာကဏ္ဍမှာ အခြားဖတ်စရာ ကျနော်ကခင်ဗျားကိုတွေ့ချင်တာ မတ်မတ်များအတွက် ဩဘာစာ ၃ နှင့် ၄ များ သတိဖြင့်ချစ်ခြင်း စောင်းကြိုးညှိခြင်း လူတွေန...

အမှောင်တိုက်ထဲက လရောင်ရွှန်းမြ

ကမ္ဘာကျော်ဝတ္ထုတွေကိုကြည့်ရင် လူ့လောကရဲ့ ဆိုးရွားရက်စက်မှု၊ ဆုတ်ယုတ်မှု၊ တစ်နည်း အမှောင်ခြမ်းကို ဖွဲ့ဆိုပြတာမျိုးက များပါတယ်။ အလင်းခြမ်းကို ပြတဲ့ဝတ္ထုတွေက မှေးမှိန်နေတတ်ပါတယ်။ ဒါပေမဲ့ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ဂျပန်စာရေးဆရာမ ယိုးကို အိုဂဝ (Yoko Ogawa) ဟာ သူ့ရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှုပဋိဘာန်ဉာဏ်စွမ်း၊ ထက်မြက်တဲ့အာဝဇ္ဇန်းကို အသုံးပြုပြီး ဒီ ဝတ္ထုကိုရေးခဲ့ရာမှာ ကမ္ဘာလည်းကျော်သွားခဲ့ပါတယ်။ ကမ္ဘာ့ဘာသာစကား အသီးသီးကိုလည်း ပြန်ဆိုကြပါတယ်။ နောက်ဆုံး ပြန်ဆိုလိုက်တဲ့ ဘာသာကတော့ မြန်မာဘာသာပါ။ "ဒီသင်္ကေတလေး တစ်ခုတည်းနဲ့ တို့တစ်တွေဟာ မရေမတွက်နိုင်တဲ့ ဂဏန်းပေါင်းမြောက်မြားစွာကို သိရှိနိုင်တယ်ကွယ့်။ တို့တွေ မမြင်နိုင်၊ မသိနိုင်တဲ့ ကိန်းတွေကိုတောင် မြင်နိုင်သိနိုင်တယ်ကွယ့်" ဟု ဆရာကြီးက ပြောပါသည်။ ပြောရင်းက ဆရာကြီးသည် ဖုန်အလိမ်းလိမ်းတက်နေသည့် သူ့စာရေးစားပွဲပေါ်တွင် နှစ်ထပ်ကိန်းရင်း သင်္ကေတကို ဆွဲပြလိုက်ပါသည်။" ဘဝတစ်လျှောက်လုံး သင်္ချာကိုသာသူ့ဘဝ၊ သင်္ချာကိုသာ သူ့ကမ္ဘာအဖြစ် မှတ်ယူခဲ့တဲ့ သင်္ချာဆရာအိုကြီး။ လူ့လောကရဲ့သစ္စာတရား၊ လျှို့ဝှက်နက်နဲမှုတွေကို သင်္ချာကနေတစ်ဆင့် သိနိုင်တ...

ကင်ဆာ

သြော်...ဟုတ်ကဲ့ ဒေါက်တာ။ ကျွန်တော်က ကင်ဆာရောဂါဝေဒနာသည်ပါ။ တစ်ကိုယ်လုံးနီးပါး ကလီစာတွေမှာ ကင်ဆာဆဲလ်တွေ ဖြစ်နေတာပါ။ ဗျာ ...ဒေါက်တာ အံ့သြသွားတာလား။ သြော်...ဟုတ်ကဲ့။ ကျွန်တော့ ကေ့စ်မျိုးကလည်း ရှားတာကိုး။ စဖြစ်တာလား ... ရောဂါရယ်လို့ ပွင့်အန်ထွက်လာတာကတော့ ၁၉၄၈-၄၉ လောက်ကဆိုတော့ ခု နှစ် ၇၀လောက်ရှိပြီပေါ့။ ဒီမတိုင်ခင်ကတည်းက အထဲမှာလှိုက်ပြီး ရောဂါပျိုးနေခဲ့တာပေါ့။ ဟဲ ဟဲ ဘာလဲ ...ဒေါက်တာက မယုံဘူးလား။ နှစ်ပေါင်း ၇၀ လောက် ကင်ဆာရောဂါဖြစ်နေပြီး မသေသေးဘူးဆိုတော့ ဆရာပါးစပ်အဟောင်းသားဖြစ်သွားတာလား။ ဒီလိုဒေါက်တာရဲ့..ဒေါက်တာတို့လို ဟိုမိုဆေးပီးယန်းတွေက သက်တမ်းကမှ ၇၀-၈၀။ အလွန်ဆုံး ၉၀-၁၀ဝပေါ့ဗျာ။ ဒီတော့ ကင်ဆာရယ်လို့မှ သိလိုက်ပြီဆိုတာနဲ့အလွန်ဆုံး ခြောက်လလောက်ပဲကိုး။ ဒေါက်တာတို့နဲ့နှိုင်းယှဉ်ရင်တော့ ကျွန်တော်ဟာ နှစ် ၇၀ လောက် ကင်ဆာနဲ့အသက်ရှင်နေတာ ထူးဆန်းနေမှာပေါ့။  ကျွန်တော့အသက်လား။ အင်း... ဒီမေးခွန်းကိုဖြေဖို့အတွက်က ကျွန်တော့်အသက်ကို ဘယ်ကနေ စပြီးပိုင်းဖြတ်ကြည့်မှာလဲဆိုတာပဲ။ ခုနကပြောတဲ့ ကင်ဆာရယ်လို့ စပွင့်အန်ထွက်တဲ့အချိန်ဆိုတာက ကျွန်တော်က ပုံသဏ္ဌာန်တစ်မျိုး၊ နာမည်တစ်မျိုးနဲ့ အသစ်ပြန်လည်မွေ...

နိုင်ငံသားဖြစ်မှုနှင့် မြန်မာနိုင်ငံ

“လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်။” “ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံစေရ။” ဒါကတော့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်အမှတ် (၁၅) မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီစာကြောင်းကိုကြည့်ရင် ခြွင်းချက်တစ်ခုတလေမပါဘဲ အကြွင်းမဲ့သဘော၊ ရာနှုန်းပြည့် ပြောထားတာဖြစ်ပြီး “လူတိုင်း” ဟာ သူ့မှာစိတ်ဆန္ဒရှိခဲ့မယ်ဆိုရင် မည်သည့်နိုင်ငံမှာမဆို နိုင်ငံသားအဖြစ်သူ့ကိုပေးပါလို့ တောင်းဆိုနိုင်သလို သူတောင်းဆိုတာကိုခံရတဲ့နိုင်ငံကလည်း သူ့ကို အဲဒီအခွင့်အရေးပေးရမယ့်တာဝန်ရှိတယ်လို့ ဒီကြေညာချက်ကို ကြည့်ပြီး အဓိပ္ပာယ်ဖွင့်နိုင်တယ်။ ဒါပေမဲ့ ဒီကနေ့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းဟာ ဒီကြေညာချက်မှာပါတဲ့အတိုင်း တသဝေမတိမ်းလိုက်နာကြသလားဆိုတော့ မလိုက်နာကြပါဘူး။ အကြောင်းကတော့ နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဆိုတာရှိပြီး အဲဒီ နိုင်ငံဟာ သူ့နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာအရည်အချင်းသတ်မှတ်ချက်တွေကို သူ့စိတ်ကြိုက်သတ်မှတ်လို့ပဲဖြစ်ပါတယ်။ ၁၇ ရာစုမှာ ချုပ်...

Jane Eyre ဝတ္ထုကို ယဉ်ကျေးမှုမတူတဲ့ ဘာသာစကားအမျိုးမျိုးသို့ ပြန်ဆိုကြပုံများ

ဘာသာပြန်သူတွေဟာ စာပေရဲ့ ချီးကျူးမခံရတဲ့သူရဲကောင်းတွေပါ။ ဒါမှမဟုတ် မျှမျှတတပြောရရင်တော့ အသံကျယ်ကျယ် ချီးကျူးမခံရသူတွေပေါ့။ တကယ်တော့ ဘာသာပြန်သူတွေကို လုံးဝအသိအမှတ် မပြုတာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာဘွတ်ကာဆုမှာဆိုရင် ဆုရစာအုပ်ရဲ့ စာရေးသူနဲ့ ဘာသာပြန်သူတို့ဟာ ပေါင် ၅၀,၀၀၀ ဆုကို ခွဲယူကြရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ဘာသာပြန်နေ့ဖြစ်ပါတယ်။ ဒါဟာ ဘာသာပြန်ဝတ္ထုနဲ့ ကဗျာတွေကို ထုတ်ဝေတဲ့ စာအုပ်တိုက်သေးသေးလေးတွေအတွက် အောင်ပွဲခံဖို့အခွင့်ဖြစ်သလို အွန်လိုင်းဘာသာပြန်နဲ့တကွ အရင်ကထက် ပိုမိုအရေးပါလာပြီဖြစ်တဲ့ လူသားဘာသာပြန်ဆရာတွေရဲ့ အခန်းကဏ္ဍအတွက်ပါ လက်ခုပ် တီးဖို့ ပါပဲ။ ဒါပေမဲ့လည်း ဘာသာပြန်ခြင်းဆိုတာဟာ ယဉ်ကျေးမှုရဲ့ စက်အင်ဂျင်တစ်ခုဆိုတာကို မမေ့ကြဖို့ပါ။ ဂန္ထဝင်မြောက် စာပေလက်ရောက်တွေပဲဖြစ်ဖြစ်၊ ခေတ်ပေါ် ဘတ်ဆဲလားစာအုပ်တွေပဲဖြစ်ဖြစ် မူရင်း ရေးတဲ့ ဘာသာစကားထက် ဘာသာပြန်လိုက်မှ လူပိုသိ ပိုဖတ်ဖြစ်တာမျိုးပါ။ ဥပမာ ဆိုပါတော့ ရှားလော့ ဘရွန်တီရဲ့ ဂျိန်းအဲရ် (Jane Eyre) ဆိုရင် ဘာသာစကား ၅၇ မျိုးကို အနည်းဆုံး ၅၉၃ ကြိမ် ပြန်ဆိုပြီးပါပြီ။ ဒါဟာ ကျွန်တော်တို့ Jane Eyre အပေါ် ဘယ်လိုမြင်သလဲဆိုတာကို ပြောင်...

ကျွန်တော်တို့ ပြန်မရနိုင်တော့မယ့်အရာထဲက ပြန်ရနိုင်ဦးမယ့်အရာတွေ

ကျနော်ငယ်ငယ်တုန်းက အိမ်မှာ တီဗီမရှိပါ။ ကြည့်ချင်လျှင် သူများအိမ်မှာ သွားကြည့်ရသည်။ ၁၉၈၀ နှင့် ၉၀ အစောပိုင်းကာလများတုန်းက အိမ်တိုင်းမှာ တီဗီမရှိကြသေး။ ထို့ကြောင့် ရပ်ကွက်ထဲက တီဗီရှိသည့် အိမ်တစ်အိမ်အိမ်မှာ စုပြီးကြည့်ကြသည်။ ကြည့်စရာ ရုပ်သံလိုင်း ကလည်း ရန်ကုန်မြို့ ပြည်လမ်းရှိ အသံလွှင့်ရုံက ထုတ်လွှင့်သော တစ်ခုတည်းသော မြန်မာ့ရုပ်မြင် သံကြား အစီအစဉ်သာ ရှိသည်မို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ပြတာကို ကြည့်ရုံ။ ကျနော်တို့တွင် ရွေးချယ်စရာ မရှိခဲ့။ အထူးသဖြင့် စနေ၊ တနင်္ဂနွေနှင့် ပိတ်ရက်ရှိသောညမျိုးတွင် လူစိတ်ဝင်စားသော ရုပ်သံအစီအစဉ်များ ပြသ တတ်သဖြင့် တီဗီရှိသော အိမ်များ၌ တခြား မိသားစုများ စုရုံးနေတတ်ပုံမှာ ယနေ့ခေတ် Sky Net က ဘောလုံးပွဲပြသည့် လက်ဖက်ရည်ဆိုင်များတွင် လူများ စုရုံးနေပုံနှင့် တူသည်။ သို့သော် အနှစ်သာရတော့မတူပါ။ အိမ်တိုင်းတွင် တီဗီမရှိသောအခါ တီဗီရှိသည့်အိမ်တွင် အိမ်နီးချင်းတို့ ဆုံဖြစ်ကြသည်။ မသိသေးသူများ လည်း သိလာကြ၊ သိပြီးသူများလည်း ပိုရင်းနှီးလာကြသည်။ တစ်ခုတည်းသောကြည့်စရာကို (အစောပိုင်းကာလများ က စလောင်းလည်း သိပ်မတွင်ကျယ်သေး) အိမ်ရှင်မိသားစုများရော၊ အိမ်နီးချင်းမိသားစုများရော ...

'ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ' စာအုပ်အညွှန်းနှင့်ဝေဖန်ချက်များ

ဆန့်ကျင်မှုအလှ (သို့မဟုတ်) ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ By ငြိမ်းအိအိထွေး စာရေးဆရာ ဝေယံဘုန်းရဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဝတ္ထုများ စာအုပ်ကို ဇူလိုင်လထဲမှာ ထုတ်ဝေပါတယ်။ ပြောင်းလဲလာတဲ့ သက္ကရာဇ်တွေနဲ့အတူ အဘက်ဘက်မှာ ရှိနှင့်နေတဲ့ စိတ်ဖိစီးမှုတွေကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ လူတွေဟာ အကြောင်းအရာတစ်ခုကို နင့်နင့်နဲနဲခံစားအချိန်ပေးဖို့ တကယ့်ကို မလွယ်တော့ပါဘူး။  ဒါပေမဲ့ စာရေးဆရာဝေယံဘုန်းရဲ့ ဝတ္ထုတွေကတော့ အကြောင်းအရာ၊ တင်ဆက်ပုံ၊ ဆွဲဆောင်နိုင်စွမ်း ထူးခြားနေတဲ့အတွက် အချိန်ပေးခံစားဖို့သင့်တဲ့၊ ဝတ္ထုတိုရသကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လို့ ဆိုရမှာပါပဲ။ စာအုပ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ဖြစ်ရပ်မှန်စိတ်ကူးယဉ်ဆိုတာကကို contrast ဖြစ်တဲ့ အရေးအသားနဲ့အညီ စာရေးဆရာဖန်တီးထားတဲ့ ဝတ္ထုတိုတွေကလည်း ဆန့်ကျင်ဘက်ကျကျပေါင်းစပ်ထားတဲ့ အလှတစ်ခုလို ခံစားရစေတာအမှန်ပါပဲ။  ဖြစ်ရပ်မှန် စိတ်ကူးယဉ်ဝတ္ထုတိုများ စာအုပ်မှာ "ကျကွဲသွားသော ကြေးမုံပြင်တစ်ချပ်"၊ "ဖြစ်ရပ်မှန် စိတ်ကူးယဉ် ဝတ္ထု"၊ "မင်္ဂလာဦးည"၊ "မှဲ့တစ်ခုရဲ့ အနုပညာ "၊ "ပုတီးကိုချ ကားကိုမ"၊ "ညီမလေးကို ကတိ တ...